မိန်းကလေး အိုင်ဒေါအဆိုတော်အဖွဲ့ LE SSERAFIM ရဲ့ Youtube ချန်နယ်ကနေ Video တစ်ပုဒ်တင်လိုက်တဲ့အခါမှာတော့ ကိုးရီးယားအိုင်ဒေါတွေပိန်ပါးပြီးသွယ်လျနေရတဲ့ အကြောင်းအရင်းကို လူတွေသိလိုက်ရပါတယ်။ LE SSERAFIM ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ Sakura ဟာခေါက်ဆွဲဗူးတစ်ဗူးကိုတောင် ကုန်အောင်မစားနိုင်တာကြောင့် တစ်ခြားသူတွေနှင့် မျှစားနေရကြောင်း Video ထဲမှာပြောပြထားတာဖြစ်ပါတယ်။

သူမအနေနှင့် ခေါက်ဆွဲအများကြီးစားချင်ပေမဲ့ တစ်ဗူးရဲ့တစ်ဝက်လောက်စားမိရင် ဗိုက်ပြည့်လွန်းပြီးဆက်မစားနိုင်တော့ကြောင်းပြောခဲ့ပါတယ်။ ဒါဟာအရင်ကတည်းက ဖြစ်တာဖြစ်ပြီး သူမဟန်ဆောင်နေတာမဟုတ်ကြောင်း အများကြီးစားနိုင်တဲ့သူတွေကို အားကျကြောင်းတွေပါ ပြောခဲ့ပါတယ်။


ဒီဗီဒီယိုထွက်လာပြီးတဲ့အခါမှာတော့ လူထုက ဆာကူရာ ရဲ့စားနိုင်စွမ်းကိုအံ့သြခဲ့ကြပြီး “ငါကတော့ အနည်းဆုံး နှစ်ဘူးလောက်မှဝတာ” “ဘယ်လောက်တောင် Diet လုပ်ခဲ့ရလို့ဒီလိုအစားနည်းနေရတာလဲ “ “Sakura ရေ နင့်မှာအစာအိမ်ပါတာသေချာရဲ့လား” စသဖြင့်အပြုသဘောဆောင်တဲ့မှတ်ချက်တွေပေးခဲ့ကြပါတယ်။


Source – Youtube