တောင်ကိုရီးယား မင်းသမီးကြီး Song Hye Kyo ဟာ အသက် (၄၁) နှစ် ရှိနေပေမယ့် အခုအချိန်အထိ လှပနုပျိုနေဆဲ ဖြစ်ပါတယ်။အသက်ကြီးလေ ပိုလှလေဆိုတဲ့အထဲမှာ Song Hye Kyo ဟာ ထိပ်ဆုံးက ပါဝင်ပြီး ဒါကို ပရိသတ်တိုင်းကလည်း သတိထားမိကြပါတယ်။အခုအချိန်မှာတော့ Song Hye Kyo ဟာ ရိုးရိုးရိုက်ထားတဲ့ ပုံလေးတွေထဲမှာတောင် ဆွဲဆောင်မှုတွေအပြည့်နဲ့ လှပနေခဲ့တာ ဖြစ်ပါတယ်။

မကြာသေးခင်က Song Hye Kyo ရဲ့ သူငယ်ချင်းတွေဟာ သူမနဲ့ ရိုက်ကူးထားတဲ့ ပုံတချို့ကို လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။ထိုဓာတ်ပုံတွေဟာ အရည်အသွေးနိမ့်တဲ့ ဓာတ်ပုံတွေဖြစ်ပေမယ့် ဓာတ်ပုံတွေထဲမှာ Song Hye Kyo ဟာ တောက်ပနေဆဲ ဖြစ်နေခဲ့တာကို ပရိသတ်တွေက သတိထားမိခဲ့ကြပါတယ်။မြင်တွေ့ခဲ့ကြတဲ့ ပရိသတ်တွေဟာလည်း အံ့ဩခဲ့ကြပြီး အခုအချိန်အထိလှပနေဆဲ ဖြစ်တဲ့ သူမကို ချီးကျူးနေခဲ့ကြပါတယ်။

အခုစကားတွေဟာ အပိုမဟုတ်တာကို တခြားတစ်ပုံမှာ တွေ့နိုင်တာလည်း ဖြစ်ပါတယ်။ထိုဓာတ်ပုံဟာ ပဲရစ်ရဲ့ နေဝင်ချိန်မှာ ရိုက်ကူးခဲ့တာ ဖြစ်ပြီး ပဲရစ်ရဲ့နေဝင်ချိန်တွေဟာ Song Hye Kyo ရဲ့ အလှကြောင့် ပိုပြည့်စုံခဲ့ပါတယ်။မင်းသမီးဟာ သူမရဲ့အားလပ်ချိန်တွေကို သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေခဲ့တာလည်း ဖြစ်ပါတယ်။

Song Hye Kyo ဟာ သူမရဲ့ အသက်အရွယ်နဲ့ ပတ်သက်ပြီး အများကသူမကို နုပျိုနေဆဲလို့ ထင်နေကြပေမယ့် ကင်မရာရှေ့ရောက်ရင် သူမပုံစံတဖြည်းဖြည်းပြောင်းလဲသွားတာကို သတိထားမိကြောင်း ဝန်ခံခဲ့ဖူးပါတယ်။ဒါပေမယ့် အခုလို သဘာဝအတိုင်း အိုမင်းလာတာကို သဘောကျကြောင်းပါ ပြောကြားခဲ့ပါသေးတယ်။တကယ့်ကို ချစ်ချင်စရာ မမ Kyo ပါပဲနော်…..

Photos : Credit