မကြာသေးခင်ကမှ အချစ်ရဆုံးသူငယ်ချင်းဖြစ်သူကိုဆုံးရှုံးထားရတဲ့ Cha Eun Woo ဟာ ဒီနေ့မှာ အလုပ်ကိစ္စအတွက် ပြင်သစ်ကိုသွားဖို့ လေဆိပ်ကိုရောက်လာပါတယ်။ အနက်ရောင်တွေကိုပဲ ရိုးရိုးရှင်းရှင်းဝတ်ဆင်ထားပေမဲ့ Cha Eun Woo ရဲ့ချောမောမှုကတော့ လူတွေကိုအံ့သြစေခဲ့ပါတယ်။

သူဟာ CHAUMET Event အတွက်ပွဲတက်ဖို့သွားရောက်တာဖြစ်ပါတယ်။ ပရိတ်သတ်တွေကတော့ သူငယ်ချင်းနာရေးပြီးကတည်းကနေ ဆက်တိုက်အလုပ်တွေလုပ်နေတဲ့ Cha Eun Woo ကိုစိုးရိမ်နေကြပါတယ်။ သေချာအချိန်ပေးပြီးအနားယူပါဆိုတဲ့ မှတ်ချက်တွေပါပေးခဲ့ကြပါတယ်။

Cha Eun Woo ဟာ Island Drama အပြီးမှာ တစ်ခြား ရိုမန့်ဒရာမာနှစ်ကားကိုထပ်မံရိုက်ကူးနေတာဖြစ်ပါတယ်။ ဒီဒရာမာတွေရဲ့ ထွက်ရှိမယ့်အချိန်ကိုတော့ အတိအကျမသိရသေးပါဘူး။

Source - Twitter