ပရိသတ်တွေသိချင်နေကြတဲ့ ထူးဆန်းလွန်းလှတဲ့ Song Joong Ki နဲ့ Katy တို့ရဲ့ လှပတဲ့ ဖူးစာအကြောင်း

//s9.kh1.co/80/80a9177e6bd1e7da4a42361e45951544d5710887.jpg
အနုပညာရှင်များ

 ၀၆-ဇွန်-၂၀၂၃ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

Katy ဟာ Song Joong Ki ကို အီတလီဘာသာစကားသင်ကြားပေးရင်း......

ပရိသတ်အချစ်တော် တောင်ကိုရီးယား မင်းသားချော Song Joong Ki ဟာ ယခုနှစ်အစောပိုင်းမှာပဲ ဇနီးဖြစ်သူ Katy နဲ့ လက်ထပ်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ဇနီးဖြစ်သူအနေနဲ့ ရင်သွေးလေးပါလွယ်ထားရထားကြောင်း ပြောပြခဲ့တာကြောင့် ပရိသတ်တွေအနေနဲ့ အံ့ဩခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/73/73f3747b315cdabe5c0ff74461a6b62fd290d7df.jpg

သူတို့နှစ်ဦးဟာ တွဲနေတာကို ပရိသတ်တွေကို ကြေညာပြီးမကြာခင်မှာတင် လက်ထပ်ခဲ့ကြတာကြောင့် ပရိသတ်တွေအနေနဲ့ သူတို့နှစ်ယောက် ဘယ်လိုဆုံဆည်းခဲ့ပြီး Katy အနေနဲ့ Song Joong Ki ရဲ့ နှလုံးသားကို ဘယ်လိုရခဲ့လဲဆိုတာကို သိချင်နေခဲ့ကြပါတယ်။Katy ဟာ အင်္ဂလိပ်၊ကိုရီးယား၊အီတလီနဲ့ စပိန် စတဲ့ ဘာသာလေးမျိုးကို တတ်မြောက်ထားပြီး ဖျော်ဖြေရေးနယ်ပယ်ကနေ ဘာသာစကားသင်ကြားတဲ့ဘက်ကို ကူးပြောင်းခဲ့ပါတယ်။ထိုအလုပ်ကနေပဲ Song Joong Ki နဲ့ ဆုံတွေ့ခဲ့တာပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/11/112317578756d68680272279fa39f6d471a2e8f8.webp

သတင်းတွေအရ Song Joong Ki ဟာ `` Vincenzo ‘’ အတွက် အီတလီဘာသာကို သင်ယူရမှာ ဖြစ်တာကြောင့် Katy ဆီကနေ အီတလီဘာသာကို သင်ယူရင်း တစ်ယောက်နဲ့တစ်ယောက် ချစ်မိသွားကြတယ်လို့ သိရပါတယ်။သူမရဲ့ တက်ကြွလန်းဆန်းတဲ့ပုံလေးတွေကြောင့် သုံးလအကြာမှာပဲ Song Joong Ki အနေနဲ့ Katy ကို စွဲလမ်းသွားခဲ့တာ ဖြစ်ပါတယ်။အထူးသဖြင့် သူမရဲ့ဘာသာစကားကျွမ်းကျင်မှုဟာ Song Joong Ki အတွက် ဆွဲဆောင်မှုတစ်ခု ဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=500,h=750,q=100/0d/0db3819b40ba68143cfbd567d7728fda934e2766.jpg

အခုအချိန်မှာတော့ ထူးဆန်းတဲ့သူတို့နှစ်ယောက်ရဲ့ ဖူးစာဟာ ပြည့်စုံခဲ့ပြီး ပျော်ရွှင်စရာမိသားစုဘဝလေးကို မကြာခင်မှာ ပိုင်ဆိုင်နိုင်တော့မှာပဲ ဖြစ်ပါတယ်။ပရိသတ်ကြီးသိချင်နေကြတဲ့ Song Joong Ki နဲ့ Katy တို့ရဲ့ ဖူးစာလေးအကြောင်းကို ဖော်ပြပေးလိုက်ရပါတယ်။

https://s9.kh1.co/__image/w=650,h=526,q=100/9a/9ae06257f81583d4f18319df5ea8df2702d1831f.jpg

Photos : Credit

Thu Ya Zaw
Thu Ya

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T