ဝလာလို့ ဝေဖန်တဲ့သူတွေကို ခပ်စွာစွာလေးနဲ့ ဒဲ့ရှင်းလိုက်တဲ့ “အိုးခိုင်မေါ့” မင်းသမီးလေး Bow

//s9.kh1.co/22/2237e7e78f3d855e1e8003081edf3ab46860bb0a.jpg
အနုပညာရှင်များ

 ၀၃-ဇွန်-၂၀၂၃ ၉am · လွန်ခဲ့သော ၂ နှစ် က

ထိုင်းမင်းသမီးချောလေးဖြစ်တဲ့ Bow Maylada ကတော့ “London Sweeties” ရုပ်ရှင်ကားကြီးနဲ့

ထိုင်းမင်းသမီးချောလေးဖြစ်တဲ့ Bow Maylada ကတော့ “London Sweeties” ရုပ်ရှင်ကားကြီးနဲ့ မြန်မာပရိသတ်တွေကြားမှာ ရေပန်းစားခဲ့သူလေးဖြစ်ပါတယ်.. ဇာတ်ကားထဲမှာ သူရဲ့ “အိုးခိုင်မော့” ဆိုတဲ့ အသံလေးကြောင့် ပရိသတ်တွေက အရမ်းချစ်သွားကြတာလည်း ဖြစ်ပါတယ်..

https://s9.kh1.co/__image/w=650,h=434,q=100/d8/d82c6275745b7874d70643ef15569b864290e80b.jpg

လတ်တလောမှာ Bow က အရင်ကထက် သိသိသာသာ ကိုယ်အလေးချိန်တက်လာတာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကိုခံနေရပြီး ကိုယ်ဝန်ရှိနေတယ်လို့တောင် ကောလဟာသတွေ ထွက်ခဲ့ပါသေးတယ်.. တချို့ဆို သူမတင်တဲ့ Post အောက်မှာ comment တွေ လာရေးသည်ထိ တိုက်ခိုက်ခံနေရတာပါ..

https://s9.kh1.co/__image/w=325,h=406,q=100/03/03397a7021c5d294e73d2274d682858496594b11.jpg

တိုက်ခိုက် ဝေဖန်မှုတွေများလာတဲ့အချိန်မှာတော့ Bow က “ လူတိုင်းက သူမကိုတွေ့လို့ နှုတ်ဆက်တာနဲ့ ဝ လာတယ်လို့ပဲ ပြောနေကြတယ်.. ဝိတ်ချိဖို့စိတ်ကူးရှိလားဆိုတဲ့မေးခွန်းတွေနဲ့ ပတ်သက်ပြီး ကျွန်မက ရည်းစားလည်းရနေပြီမို့ ဝိတ်ချဖို့လဲမရှိလဲ ဝလာတာကို ဂရုလဲ မစိုက်ဘူးလို့ စနောက်ပြီး အင်တာဗျူးမှာ ဖြေသွားခဲ့ပါတယ်..”

https://s9.kh1.co/__image/w=650,h=657,q=100/bd/bddea92547007feb8a21c202e46491ca8b69622b.jpg

ပတ်ဝန်းကျင်နဲ့ လိုက်လျောပြီးမနေချင်ပေမယ့် လူတွေက နှုတ်ဆက်တဲ့အခါ ခန္ဓာကိုယ်ကို ကြည့်ပြီး ပိန်တယ် ဝတယ်ပြောတာကို သဘောမကျဘူး.. ဒါပေမယ့် ကိုယ့်ကို တကယ်ချစ်လို့ လှစေချင်တယ်လို့ပြောတဲ့ ပရိသတ်တွေအတွက်တော့ ပြန်ကြိုးစားပြီး ဝိတ်ချပေးပါ့မယ်.. ချက်ချင်းကြီး တန်းပိန်ဖို့ဆိုတာက မဖြစ်နိုင်သေးဘူး” လို့ ဖြေကြားသွားခဲ့ပါတယ်..

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T