ရိုးရှင်းတဲ့လေဆိပ်ဖက်ရှင်လေးနှင့် အလှကြီးလှနေတဲ့ မင်းသမီးဆောင်းဟေကို

//s9.kh1.co/70/70a64d8c7295e9e9c507e2dee15c312918938c79.jpg
အနုပညာရှင်များ

 ၀၂-ဇွန်-၂၀၂၃ ၃pm · လွန်ခဲ့သော ၁၀ လ က

ရိုးရိုးလေးဝတ်ထားပေမဲ့ ထင်းထွက်ပြီးလှနေတဲ့ မမဟေကို

ဂျွန်လ ၂ရက်နေ့အစောပိုင်းမှာ ပြည်ပကိုထွက်ခွာဖို့ပြင်ဆင်နေတဲ့ ဆောင်းဟေကိုရဲ့ လေဆိပ်ဖက်ရှင်လေးဟာ လူထုကိုအံ့သြစေခဲ့ပါတယ်။ ရိုးရိုးရှင်းရှင်း Cargo ဂျက်ကတ်ရှည်နှင့် ဘောင်းဘီတိုအမည်း‌ရောင် ဝတ်ဆင်ထားပြီး အနက်ရောင် ဦးထုပ်နှင့် Mask တပ်ထားတဲ့ သူ့ရဲ့ဖက်ရှင်ဟာ ရိုးရိုးရှင်းရှင်းနှင့်ကြည့်ကောင်းနေပါတယ်။

https://s9.kh1.co/__image/w=650,h=477,q=100/79/7970356a5440b1e43fdb509fe1463d1f4d693184.jpg

ဘာမှမပြင်ဆင်ထားတဲ့ ဒီလိုပုံစံလေးမှာတောင် မမဟေကိုရဲ့အလှတွေဟာ ထင်ထင်ရှားရှားမြင်နေရတာဖြစ်ပါတယ်။ သူမဟာ Brand Ambassador အဖြစ်တာဝန်ယူထားတဲ့ Chaumet Brand ရဲ့ပွဲကိုတက်ရောက်ဖို့သွားတာလို့ သူမရဲ့ အင်စတာဂရမ်စတိုရီမှာတင်ထားပါတယ်။

https://s9.kh1.co/__image/w=650,h=975,q=100/70/70b7da609f449351d6422a8e9614e4001f390a3c.jpg

The Glory အပြီး ပြည်တွင်းပြည်ပအောင်မြင်မှုတွေအများကြီးရခဲ့တဲ့ ဆောင်းဟေကိုဟာ ဇာတ်လမ်းအသစ်တစ်ခုရိုက်ကူးဖို့အတည်ပြုထားပေမဲ့ မကြာသေးခင်ကပဲ ဇာတ်လမ်းမှာ မပါဝင်တော့မဲ့သတင်းကိုထုတ်ပြန်ထားတာဖြစ်ပါတယ်။ ပရိတ်သတ်တွေကတော့ ဇာတ်ကားရိုက်ခဲတဲ့မမဆောင်းဟေကိုရဲ့ ဇာတ်လမ်းအသစ်တွေကိုမျှော်လင့်နေကြပါတယ်။

https://s9.kh1.co/__image/w=650,h=354,q=100/89/8967c1246efd67db4de56fa62b2b1e20983e4a8c.jpg
https://s9.kh1.co/__image/w=650,h=1038,q=100/1c/1c39eee66bb744528a6b115d6ca9711a2852e96d.jpg

Source - Kyo1122 / Instagram  

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T