ပြင်သစ်မှာ ဇနီးဖြစ်သူသွားချင်တဲ့နေရာကို လိုက်ပို့ပေးပြီး အထူးဂရုစိုက်ပေးနေတဲ့ Song Joong Ki

//s9.kh1.co/b9/b9e71726c1e61e9f5af5093010662ac53021a29b.jpg
အနုပညာရှင်များ

 ០១-មិថុនា-២០២៣ ៣ល្ងាច · ៣ ឆ្នាំមុន

Song Joong Ki ဟာ ဇနီးဖြစ်သူနဲ့ Cannes မှာ ကြည်နူးစရာ အချိန်လေးကုန်ဆုံးနေတာကို....

မကြာသေးခင်က တောင်ကိုရီးယားမင်းသားချော Song Joong Ki နဲ့ ဇနီးဖြစ်သူ Katy တို့နှစ်ယောက်ကို ပြင်သစ်နိုင်ငံ Cannes မြို့မှာ တွေ့ခဲ့ရပါတယ်။ဇနီးမောင်နှံနှစ်ယောက်ဟာ ပျော်ရွှင်စရာ Date လေးကို အတူတူဖြတ်သန်းနေကြတာဖြစ်ပြီး ပရိသတ်တွေရဲ့ အာရုံကို ရရှိခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/0e/0e9c010d4867c781d91bba323ee6303f9b73b503.jpg

မေလ (၃၁) ရက်နေ့မှာ Song Joong Ki တို့ ဇနီးမောင်နှံ Cannes မှာ ချိန်းတွေ့နေတာကို လမ်းသွားလမ်းလာတစ်ဦးက ရိုက်ကူးခဲ့ပြီး ဖြန့်ဝေခဲ့ပါတယ်။ဓာတ်ပုံထဲမှာ Song Joong Ki ဟာ ကိုယ်ဝန်ဆောင်ဇနီးသည်ကို ဂရုစိုက်ပေးပြီး ချစ်ခင်ကြင်နာတဲ့ အမူအရာကို ပြသခဲ့ပါတယ်။

https://s9.kh1.co/__image/w=558,h=1024,q=100/43/43e5f336940762cb9d7dce8bd42371899c862c00.jpg

ချစ်ဇနီးသည်အနားမှာ ရှိနေတာကြောင့် Song Joong Ki ဟာ ပြုံးပျော်နေတာကိုလည်း ပရိသတ်တွေက သတိထားမိခဲ့ကြပါတယ်။ဇနီးမောင်နှံနှစ်ယောက်ဟာ Cannes မှာ မကြာခဏချိန်းတွေ့နေခဲ့ကြပြီး အားလပ်ချိန်တွေကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့ကြတာပဲ ဖြစ်ပါတယ်။မကြာသေးခင်ကလည်း မန်နေဂျာမပါပဲ ဇနီးမောင်နှံနှစ်ယောက်အတူတူ ဈေးဝယ်ထွက်ခဲ့ကြောင်းလည်း သတင်းတွေအရ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/59/59527eb63a6ebb1fbb2ebe9a1e54ccd56307f350.avif

Song Joong Ki ဟာ မီးဖွားခံနီးနေတဲ့ ဇနီးဖြစ်သူကို အချိန်ပေးပြီး ပျော်အောင်ထားနေတာလည်း ဖြစ်ပါတယ်။အင်တာဗျူးတစ်ခုမှာလည်း Song Joong Ki က  ကျန်တဲ့အရာတွေထက်  ကလေးမီးဖွားဖို့ကိုပဲ အာရုံစိုက်ထားကြောင်း ဝန်ခံခဲ့တာကြောင့် ပရိသတ်တွေရဲ့  ချီးကျူးမှုကို ခံခဲ့ရပါသေးတယ်။ဇနီးသည်ကို အရမ်းချစ်တဲ့ ခင်ပွန်းကောင်းတစ်ယောက်ပါပဲနော်။

https://s9.kh1.co/__image/w=650,h=851,q=100/10/1089c933accb500480e87b403e835482b6ff3a48.jpg

Photos : Credit 

Thu Ya Zaw
Thu Ya

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T