Blackpink အဖွဲ့ဝင် Lisa ဟာ မကြာသေးခင်က သူမရဲ့ မိခင်ဖြစ်သူနဲ့ ဈေးဝယ်ထွက်ခဲ့ပါတယ်။Lisa ဟာ ထိုင်းနိုင်ငံမှာ အမေနဲ့ ဈေးဝယ်ထွက်ရင်း အချိန်တွေကုန်ဆုံးခဲ့တာဖြစ်ပြီး ပရိသတ်တွေကလည်း သူတို့ချစ်တဲ့ အနုပညာရှင်ကို သတိထားမိခဲ့ကြပါတယ်။

မေလ (၃၀) ရက်နေ့မှာ Lisa ကို မိခင်ဖြစ်သူနဲ့ အပြင်မှာတွေ့ခဲ့ရပြီး သားအမိနှစ်ယောက် ပျော်ရွှင်စွာ ဈေးဝယ်နေခဲ့ကြတာ ဖြစ်ပါတယ်။သားအမိနှစ်ယောက်ဟာ ပန်းစည်းအကြီးကြီးတွေကိုယ်စီကိုင်ထားကြတာကို တွေ့ရပြီး ပရိသတ်တွေရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။

Lisa ဟာ အဖြူရောင် ရှပ်အင်္ကျီနဲ့ဂျင်းဘောင်းဘီကို ရိုးရိုးလေး ဝတ်ဆင်ထားခဲ့ပေမယ့် လူအုပ်ထဲမှာ ပေါ်လွင်နေခဲ့ပါတယ်။ဒါ့ကြောင့်လည်း ပရိသတ်တွေက သတိထားမိခဲ့ကြပြီး Lisa အပြင် သူမအမေကိုပါ သတိပြုမိခဲ့ကြပါတယ်။ပရိသတ်တွေက Lisa နဲ့ အမေဖြစ်သူကို ချီးကျူးမှုတွေ ပြုလုပ်ခဲ့ကြပါသေးတယ်။

ပရိသတ်တွေက Lisa ကို ဘယ်လောက်ပဲနာမည်ကြီးနေပါစေ သမီးတစ်ယောက်ရဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်နေရတုန်းလို့ ချီးကျူးခဲ့ကြပြီး Lisa ရဲ့ အမေကိုလည်း အခုလို အလိမ္မာတုံးလေးကို မွေးထားနိုင်တဲ့အတွက် ချီးကျူးထောပနာပြုခဲ့ကြပါတယ်။

အားလပ်ရက်မှာ မိခင်ဖြစ်သူနဲ့ အချိန်ဖြုန်းနေကြတဲ့ ကြည်နူးစရာ Lisa တို့ သားအမိနှစ်ယောက် ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ရပါတယ်။

Photos : Credit