Instagram အကောင့်က Post တွေ အကုန်လုံးကို ရုတ်တရတ်ဖျက်ပစ်လိုက်တဲ့ မင်းသားချော Lee Seung Gi

//s9.kh1.co/27/273d0df56972a3016174371c91d4d443a8497164.jpg
အနုပညာရှင်များ

 ၃၀-မေ-၂၀၂၃ ၁၀am · လွန်ခဲ့သော ၃ နှစ် က

Lee Seung Gi ဟာ သူ့ရဲ့ Post အားလုံးကို အကြောင်းပြချက်မရှိပဲ....

ပရိသတ်အချစ်တော် တောင်ကိုရီးယားမင်းသားချော Lee Seung Gi ဟာ သူ့ရဲ့ကိုယ်ပိုင် Instagram အကောင့်က Post တွေကို ရုတ်တရက်ဖျက်ပစ်ခဲ့ပါတယ်။အခုလိုအမှတ်မထင်ပဲ ပြုလုပ်ခဲ့တာကြောင့် ပရိသတ်တွေအနေနဲ့လည်း အံ့ဩနေခဲ့ကြပြီး တွေးထင်မှုတွေများစွာ ဖြစ်ခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=650,h=976,q=100/16/16ba04739a9bd2d3c458e4802b955081934750b5.webp

Lee Seung Gi ဟာ သူ့ရဲ့ Instagram Account ကို အမြဲသုံးလေ့ရှိပြီး သူ့ရဲ့ပရဟိတအလှူတွေ ဖျော်ဖြေရေးတွေနဲ့ ဇနီးဖြစ်သူ Lee Da In နဲ့ လက်ထပ်တဲ့ အမှတ်တရတွေကို တင်လေ့ရှိတဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ဒါပေမယ့် အခုအချိန်မှာတော့ ထိုအရာတွေအကုန်လုံးကို ဖျက်ပစ်ခဲ့တာပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=391,q=100/7b/7b085d3d3d081f9e72a457de8213d305fc831787.jpg

အံ့အားသင့်နေကြတဲ့ ပရိသတ်တွေဟာလည်း သူဘာလိုအခုလို လုပ်လဲဆိုတာကို အထူးစိတ်ဝင်စားနေခဲ့ကြပါတယ်။ပြဿနာတစ်ခုခုကြောင့်လား သာမန်ပဲလားဆိုတဲ့ မေးခွန်းတွေကလည်း မနည်းမနောပဲ ဖြစ်ပါတယ်။ဘာကြောင့်အခုလို လုပ်ခဲ့လဲဆိုတာတော့ Lee Seung Gi ပဲ အသိဆုံးဖြစ်မှာ အသေအချာပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=567,q=100/ef/ef90c0cb12a51b015db7e1e12a812b8516175fe9.jpg

Lee Seung Gi ဟာ 'Brothers' Ramen' နဲ့ 'Strong Heart League' တိုလို အစီအစဉ်များတွေကတစ်ဆင့် ဖျော်ဖြေရေးလှုပ်ရှားမှုတွေကို မကြာသေးမီက ပြန်လည်စတင်ခဲ့တာ ဖြစ်ပါတယ်။ Lee Seung Gi ဟာ သူ့ရဲ့ နှစ် (၂၀) ပြည့်ပွဲဦးထွက် နှစ်ပတ်လည်အတွက် အထူးအယ်လ်ဘမ်ထွက်ရှိမယ့် အစီအစဉ်ကို မကြာသေးမီက ကြေငြာခဲ့ပါသေးတယ်။

https://s9.kh1.co/__image/w=650,h=976,q=100/48/484db853e190c51beaade7d136938ef53fad2e81.jpg

 Photos : Credit

Thu Ya Zaw
Thu Ya

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T