ချစ်စရာ စကားပြောပုံဟန်ပန် တွေနဲ့ အားပေးတတ်တဲ့ အမူအကျင့်တွေကြောင့် အမျိုးသမီးထုကြီးသာမက အမျိုးသားထုကြီးကပါ ချစ်မြတ်နိုးသဘောကျရတဲ့ Influencer တွေထဲ တစ်ဦးအပါအဝင်ဖြစ်သူကတော့ အားလုံးက ချစ်ကြတဲ့ Jessica Dada ပါပဲ။

Jessica Dada ဟာ လက်ရှိမှာဆိုရင် နိုင်ငံခြားမှာ နေထိုင်နေတာဖြစ်ပြီး ယမန်နေ့ က သူမ ကို သိပ်ချစ်သော ၊ သူမ က သိပ်ချစ်ရသော သူမရဲ့ ချစ်သူနဲ့ ပျော်ရွှင်စရာ လက်ထပ်ပွဲကို ကျင်းပသွားခဲ့ပြီး အဆိုပါ လက်ထပ်ပွဲဟာ ပရိသတ်များအကြား ရေပန်းစားနေပါတယ်။

Jessica Dada ရဲ့ အမျိုးသားဖြစ်သူ ဟာ အနောက်နိုင်ငံသားဖြစ်ပြီး Jessica Dada အပေါ်မှာလည်း နားလည်မှု ၊ ချစ်ခြင်းမေတ္တာ ၊ ကိုယ်ချင်းစာတရား အပြည့်အဝနဲ့ ချစ်ပေးတတ်သူ ဖြစ်တယ်လို့ သိရပါတယ်။ Jessica Dada တစ်ယောက် ချစ်ရတဲ့ အမျိုးသားဖြစ်သူ နဲ့ ရာသက်ပန် ပေါင်းဖက်ချစ်ခင်သွားနိုင်ပါစေလို့ ဝမ်းပန်းတသာ နဲ့ ဆုတောင်းပေးလိုက်ရပါတယ်။




Source - JessicaDada Instagram