ကြင်စဦးအိမ်လေးနဲ့ ကြင်စဦးဇနီးမောင်နှံဘဝကို ထုတ်ဖော်ပြသခဲ့တဲ့ Se7en နဲ့ Lee Da Hae တို့ ဇနီးမောင်နှံ

//s9.kh1.co/f3/f368e6a4d48f4e7658e1bb31f0775ed3596af47f.jpg
အနုပညာရှင်များ

 ၃၀-မေ-၂၀၂၃ ၉am · လွန်ခဲ့သော ၂ နှစ် က

ဇနီးမောင်နှံအသစ်စက်စက်လေးရဲ့ ကြင်စဦးအချိန်လေးဟာ သာယာလွန်းနေတာကို.....

တောင်ကိုရီးယားရဲ့ နာမည်ကြီးစုံတွဲလေးဖြစ်တဲ့ အဆိုတော် Se7en နဲ့ မင်းသမီး Lee Da Hae တို့ဟာ မကြာသေးခင်က သူတို့ရဲ့နေ့စဉ်ကြင်စဦးဘဝနဲ့ သူ့တို့ရဲ့ မင်္ဂလာဦးအိမ်လေးကို ထုတ်ဖော်ပြသခဲ့ပါတယ်။Se7en နဲ့ Lee Da Hae တို့ဟာ SBS ရဲ့ “Same Bed, Different Dreams 2: You Are My Destiny” အစီအစဉ်မှာ ဧည့်သည်တွေအဖြစ်ပါဝင်ခဲ့ပြီး အခုလိုထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=481,q=100/5a/5a72828edcdbc8a13796ee8c7c610b2249129842.jpg

Se7en နဲ့ Lee Da Hae တို့ဟာ သူတို့မင်္ဂလာပွဲအပြီးဒုတိယနေ့မနက်မှာ ကြည့်ရှုသူတွေကို နှုတ်ဆက်ခဲ့ပြီး သူတို့ရဲ့ကြင်စဦးအိမ်လေးကို ပြသခဲ့ပါတယ်။သူတို့ဇနီးမောင်နှံရဲ့ အိမ်ဟာ အိမ်အသစ်မဟုတ်ခဲ့ပဲ ဇနီးသည် Lee Da Hae ရဲ့ အိမ်ပဲ ဖြစ်တာကြောင့် ပရိသတ်တွေအနေနဲ့လည်း စိတ်ဝင်စားခဲ့ကြပါတယ်။ထိုအကြောင်းနဲ့ပက်သက်ပြီးလည်း ဇနီးမောင်နှံနှစ်ယောက်က ရှင်းပြခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=650,h=706,q=100/e5/e534dc2611f124b19d5ec9be6c61cb0356fdbf98.webp

Lee Da Hae က `` ကျွန်မတို့အိမ်အသစ်ရှာဖို့ စဉ်းစားခဲ့ပေမယ့် ရှာဖို့စိတ်ကအဆင်မပြေခဲ့ဘူး ၊ကျွန်မတို့အိမ်နှစ်ခုကို ပေါင်းစည်းဖို့ဆိုတာ မလွယ်တာကြောင့် ကျွန်မအိမ်မှာပဲ နေကြဖို့ဆုံးဖြတ်ခဲ့တာပါလို့ ပြောကြားခဲ့ပါတယ်။ခင်ပွန်းဖြစ်သူ Se7en ကလည်း `` ကျွန်တော်လည်း ရွေးချယ်စရာမရှိခဲ့ပဲ သူမသဘောအတိုင်းသာလက်ခံခဲ့ရတယ် ‘’ လို့ပြောကြားခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=708,q=100/c1/c1f76c53bb9f41fcaba9bbdc1577f66a29ffd5e1.webp

ရိုက်ကူးရေးနေ့မှာတော့ Se7en ဟာ မနက်စာအတွက်ပြင်နေတာကို တွေ့ခဲ့ရပြီး ဇနီးဖြစ်သူကို အိပ်နေတာကို သွားနှိုးခဲ့ပါတယ်။ဇနီးလေးကို နှိုးရာမှာ `` ကလေး ‘’ လို့သုံးနှုန်းခဲ့တာကြောင့်ပရိသတ်တွေရဲ့ အာရုံကိုလည်းရရှိခဲ့ပါသေးတယ်။Lee Da Hae ကတော့ အိပ်ယာထချင်ပုံမရသေးပဲ ဆက်လက်အနားယူချင်တာကို တွေ့ခဲ့ရပါတယ်။Se7en က မနက်စာပြင်ပြီးပြီလို့ ပြောမှတာ အိပ်ယာထကာ နှစ်ယောက်အတူ ပျော်ပျော်ရွှင်ရွှင် မနက်စာစားခဲ့ကြတာကို တွေ့ခဲ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=483,q=100/4c/4cf2ca7eb49ae2b2b581daf75a2d1e191ccdb088.jpg

ဒီမြင်ကွင်းလေးကို မြင်ခဲ့ရတဲ့ ပရိသတ်တွေကလည်း ကျေနပ်နေကြပြီး သူတို့နှစ်ယောက်ရဲ့ ကြင်စဦးဘဝလေးကိုကြည့်ကာ ကြည်နူးနေခဲ့ကြပါတယ်။ဆက်လက်ပြီးSe7en နဲ့ Lee Da Hae တို့ဟာ သူတို့အိမ်ထောင်ရေးကို ကောင်းကင်နဲ့တူတဲ့ အိမ်ထောင်ရေးအဖြစ်ဖန်တီးမယ်လို့ ကတိပေးပြီး အစီအစဉ်လေးကို အဆုံးသတ်ခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=650,h=813,q=100/bd/bd338dc2883b63e9ce6e48c9c59694a215f21525.jpg

Photos : Credit

Thu Ya Zaw
Thu Ya

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T