ကမ္ဘောဒီးယား ရုပ်ရှင်လောကမှာ နာမည်ကြီး မင်းသမီးချောလေးဖြစ်တဲ့ အလှမယ် Pich Vatey Saravathy နဲ့ မင်းသားချော ပိုင်တံခွန်တို့က နှစ်ယောက်တူတူ ဒရာမာဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်တော့မယ်လို့ သတင်းရရှိပြီးနောက်ပိုင်း ပရိသတ်တွေ အံ့အားသင့်ခဲ့ကြပါတယ်.. အဆိုပါ ဇာတ်လမ်းတွဲထဲမှာ ပိုင်တံခွန်၊ Khat Wai Haing နဲ့ ထိုင်းနာမည်ကြီးသရုပ်ဆောင်ဖြစ်တဲ့ Pansy လို့ လူသိများတဲ့ Tukky Sudarat တို့ ပါဝင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်..


နာမည်ကြီး သရုပ်ဆောင်လေးယောက်ရဲ့ မျက်နှာတွေကို ပြသထားတဲ့ Poster ထွက်ရှိပြီးတဲ့ နောက်ပိုင်း "Prostitute" ဇာတ်လမ်းသစ်ကို စတင်ရိုက်ကူးနေတာဖြစ်ပြီး အခုဆိုရင်သရုပ်ဆောင်တစ်ဦးချင်းစီရဲ့ လှုပ်ရှားမှုတွေကို မြင်တွေ့နေရပြီဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ဒီဇာတ်လမ်းအတွက် အရမ်းကို ရင်ခုန်မျှော်လင့်နေကြတယ်လို့ ဆိုပါတယ်..


စင်ပေါ်မှာရော ပရိသတ်တွေကို မိတ်ဆက်ကြတဲ့အခါမှာရော မင်းသားပိုင်တံခွန်နဲ့ မင်းသမီး Vat တို့ကို တွဲမြင်ရတဲ့အခါမှာ ပရိသတ်တွေက ပိုပြီးစိတ်လှုပ်ရှားကြနေကြတယ်လို့ ဆိုပါတယ်.. Pich Vatey Saravaki ရဲ့ ပရိသတ်တွေက သူတို့နှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကို သဘောကျနှစ်သက်လွန်းလို့ TikTok တွေမှာ Video လေးတွေ ရိုက်ပြီး အားပေးချစ်ခင်နေကြတာကို တွေ့ရပါတယ်..








