မြန်မာမော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်ကတော့ လက်ရှိမှာ "For Rent ပြည့်တန်ဆာ"ဆိုတဲ့ ရုပ်ရှင်ရိုက်ဖို့အတွက် ကမ္ဘောဒီးယားကို ရောက်နေတာဖြစ်ပါတယ်... ရိုက်ကူးရေးလုပ်နေတဲ့အချိန်မှာ ကမ္ဘောဒီးယားပရိသတ်တွေက သူနဲ့ တွေ့ဆုံဖို့အတွက် စိတ်အားထက်သန်နေကြပါတယ်..

ပိုင်တံခွန်က အရပ်ရှည်ပြီး ချောမောတဲ့ မျက်နှာလေး၊ အပြုံးလေးတွေနဲ့ ဖော်ရွေပြီး ချစ်စရာကောင်းတဲ့ ကာရိုက်တာတွေကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အသည်းကို ဖမ်းစားထားနိုင်ရုံသာမက အကောင်းဆုံးသရုပ်ဆောင်တွေဖြစ်တဲ့ Sok Somavathy နဲ့ Sarai Sakana တို့တောင် အပြင်မှာတွေ့တဲ့အခါ မနှုတ်ဆက်ပဲ မနေနိုင်ခဲ့ကြပါဘူး..


လတ်တလောမှာတော့ Sarai Sakana က လူမှုကွန်ယက် Tiktok မှာ ရယ်စရာဗီဒီယိုလေးတစ်ခုကို တင်ထားပါတယ်.. Video ထဲမှာတော့ ပိုင်တံခွန်ရပ်နေတာကို သူမ နဲ့ သူငယ်ချင်းက သွားပြီးဖက်လိုက်တာပါ.. ပိုင်တံခွန်ကလည်း သူမပြေးလာတဲ့ ပုံလေးကို ကြည့်ပြီး ရှက်ပြုံးလေးနဲ့ စိတ်လှုပ်ရှားတဲ့ ပုံလေးဖြစ်သွားခဲ့ပါတယ်..

Source - Popular.com