မကြာသေးခင်က မိတ်ကပ်မေဦးနဲ့ ဟန်လင်းတို့ဟာ သူတို့လက်ထပ်ခဲ့ကြောင်းကို ပရိသတ်တွေကိုအသိပေးခဲ့ပါတယ်။ဟန်လင်းက သူ့ရဲ့ Facebook အကောင့်ကနေ အရင်ဝေမျှခဲ့တာဖြစ်ပြီး တွေ့မြင်ခဲ့ရတဲ့သူတိုင်းကို ကြည်နူးစေခဲ့ပါတယ်။

သိပ်မကြာခင်မှာတော့ မေဦးကပါ ကျန်သေးတဲ့ ဓာတ်ပုံတချို့ကို ဝေမျှခဲ့ပါတယ်။မေဦးက ဓာတ်ပုံလေးတွေနဲ့အတူ ကူညီပေးခဲ့တဲ့သူတွေကို ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။မေဦးက အဖေနဲ့အမေကအစ ပါဝင်အားဖြည့်ပေးခဲ့ကြတဲ့ မိတ်ဆွေတစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ခဲ့တာဖြစ်ပြီး အရမ်းချစ်ကြောင်းပါ ပြောကြားခဲ့ပါသေးတယ်။

မေဦးဟာ ကိုယ်ချစ်ရတဲ့ သူနဲ့လက်ထပ်ခွင့်ရခဲ့တာကြောင့် အပျော်ကြီးပျော်နေတာကို တွေ့မြင်ခဲ့ရပါတယ်။ဓာတ်ပုံတွေထဲမှာ နှစ်ယောက်လုံးရဲ့ အပျော်ဟာ ဖုံးကွယ်လို့မရခဲ့တာကို သူတို့အပြုံးတွေနဲ့ သက်သေပြခဲ့ကြပါတယ်။သူတို့ကို ကြည့်ပြီး `` အချစ်ဆိုတာတကယ်ရှိပါလား ´´လို့ပါးစပ်ကနေရွတ်မိလောက်အောင် ကြည်နူးစရာကောင်းနေခဲ့တာ ဖြစ်ပါတယ်။

ပရိသတ်တွေ အရမ်းချစ်ကြတဲ့ စုံတွဲလေး သက်ဆုံးတိုင်ပေါင်းဖက်ရပါစေလို့ ဆုတောင်းပေးရင်း မေဦးတို့မင်္ဂလာပွဲက ပုံရိပ်လေးတချို့ကို ဖော်ပြပေးလိုက်ရပါတယ်။


Photos : Credit