ပရိသတ်တွေဆီက ချစ်ခြင်းမေတ္တာတွေ အပြည့်ရထားတဲ့ LGBT စုံတွဲလေး ဟန်လင်းနဲ့ မေဦးတို့ဟာ မကြာသေးခင်က သူတို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲလေးကို ကျင်းပခဲ့ပါတယ်။ဒီနေ့မှာတော့ သူတို့နှစ်ယောက်ရဲ့ လက်ထပ်တဲ့ ပုံရိပ်လေးတွေကို ဟန်လင်းက သူ့ရဲ့ ကိုယ်ပိုင် Facebook အကောင့်ကနေ `` Tie To Knot 5.18.2023 ‘’ ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ဝေမျှခဲ့ပါတယ်။

ဟန်လင်းနဲ့ မေဦးတို့ဟာ နှစ်တွေအကြာကြီးတစ်ယောက်ပေါ်တစ်ယောက် သစ္စာရှိရှိချစ်ခဲ့ကြတဲ့ စုံတွဲလေးဖြစ်ပြီး နောက်ဆုံးမှာတော့ လှပတဲ့ အဆုံးသတ်လေးနဲ့ ဇာတ်သိမ်းနိုင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ချစ်သူသက်တမ်း (၇) နှစ်ပြည့်ခါနီးမှာပဲ ဟန်လင်းက မေဦးကို လက်ထပ်ခွင့်တောင်းခဲ့ပြီး မေဦးကလည်း `` Yes ‘’ ဆိုတဲ့ အဖြေကို တန်းပေးခဲ့ပါတယ်။

နောက်ဆုံးမှာတော့ သူတို့နှစ်ယောက်ဟာ မိသားစုဘဝကို အတူတည်ထောင်နိုင်ခဲ့ပြီ ဖြစ်ပြီး ပရိသတ်တွေကို ကြည်နူးစေခဲ့ပါတယ်။ပရိသတ်တွေဟာ ဟန်လင်း ရဲ့ Post အောက်မှာ သူတို့စုံတွဲလေးကို ဝိုင်းဝန်းဂုဏ်ပြုကာ ချစ်ပေးခဲ့ကြပါတယ်။မင်္ဂလာပွဲကပုံရိပ်လေးတွေကို ကြည့်ခြင်းအားဖြင့် သူတို့နှစ်ယောက်ရဲ့ တစ်ယောက်အပေါ်တစ်ယောက်ထားတဲ့ ချစ်ခြင်းမေတ္တာတွေကို အတိအကျမြင်တွေ့နိုင်တာလည်း ဖြစ်ပါတယ်။

အရမ်းချစ်ကြတဲ့ စုံတွဲလေး သက်ဆုံးတိုင်လက်တွဲနိုင်ပါစေလို့ ဆုတောင်းပေးရင်း မင်္ဂလာပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ရပါတယ်။

Photos : Credit