ပရိသတ်အချစ်တော် မင်းသားကြီး ထူးခန့်ကျော်ဟာ မကြာသေးခင်က သူ့ရဲ့ Facebook အကောင့်မှာ Post လေးတစ်ခုမျှဝေခဲ့ပါတယ်။ထူးခန့်ကျော်ဟာ သရုပ်ဆောင် ကျော်ကျော် သူ့ဆီလာလည်တဲ့ ပုံလေးတွေကို ကြည်နူးစရာစာသားလေးနဲ့ မျှဝေခဲ့တာ ဖြစ်ပြီး ပရိသတ်ကြီးကလည်း သဘောကျခဲ့ကြပါတယ်။
ထူးခန့်ကျော်နဲ့ ကျော်ကျော်တို့ဟာ ရင်းနှီးကြတဲ့ မိတ်ဆွေတွေဖြစ်ကြပြီး မဆုံဖြစ်တာ အချိန်အတော်ကြာပြီလည်းဖြစ်ပါတယ်။ ဒါ့ကြောင့် ထူးခန့်ကျော်ဟာ မတွေ့တာကြပြီဖြစ်တဲ့ ညီလေး ကျော်ကျော်ကို အလွမ်းတွေအပြည့်နဲ့ အားရပါးရနမ်းနေခဲ့တာ တွေ့ခဲ့ရပါတယ်။ကျော်ကျော်ကလည်း အကိုကြီးနဲ့ပြန်ဆုံရလို့ ကလေးလေးတစ်ယောက်လို ပျော်နေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။
ထူးခန့်ကျော်က ``မင်းသားလေးနဲ့မတွေ့တာနှစ်တွေအတော်ကြာခဲ့ပြီလေ အရင်တုန်းထဲကချစ်ခဲ့ရသောညီလေး အခုအမှတ်မထင်အိမ်ရောက်လာလို ဝမ်းသာအားရဖြစ်ပြီးရင်ဘတ်ထဲက အားကြီးနဲ့သားတယောက်လိုနမ်းပစ်လိုက်တယ် ‘’ ဆိုတဲ့ စာသားလေးနဲ့ မျှဝေခဲ့တာဖြစ်ပါတယ်။သူတို့ကိုချစ်ကြတဲ့ ပရိသတ်ကြီးကလည်း ညီအကိုနှစ်ယောက်ရဲ့ အပျော်တွေကို ထပ်တူခံစားခဲ့ကြပါတယ်။အရမ်းပျော်နေကြတဲ့ ညီအကိုနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးထံ မျှဝေပေးလိုက်ရပါတယ်။
Photos : Credit