ကင်ဆာရောဂါခံစားနေရတဲ့ ဇနီးဖြစ်သူကို ပြုစုပေးဖို့ ဘောလုံးလောကကနေ အနားယူတော့မယ့် နာအွန်းလေးရဲ့ ဖခင် Park Joo Ho

//s9.kh1.co/47/472fb1e5735650f84971c0078361e7441634b521.jpg
အနုပညာရှင်များ

 ၂၆-မေ-၂၀၂၃ ၁pm · လွန်ခဲ့သော ၂ နှစ် က

ဇနီးဖြစ်သူရဲ့ ကျန်းမာရေးအခြေအနေကြောင့် Park Joon Ho ဟာ.....

The Return Of Superman မှာ ပရိသတ်တွေရဲ့ အချစ်တွေကို ရခဲ့တဲ့ နာအွန်းရဲ့ ဖခင်ဖြစ်သူ Park Joo Ho ဟာ ဘောလုံးလောကနေ အနားယူတော့မယ်လို့ သိရပါတယ်။အကြောင်းကတော့ ကင်ဆာဖြစ်နေတဲ့ ဇနီးဖြစ်သူ Anna Park ကို ပြုစုစောင့်ရှောက်ဖို့ပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/a4/a49eb15bbf6dd55e49e5f94d2ea2ba21ae5a69a1.jpg

မေ (၂၆) ရက်က Park Joo Ho ရဲ့ ကလပ် Suwon Football Club ကနေ Park Joon Ho အနားယူတော့မယ့်အကြောင်းကြေငြာခဲ့ပြီး နှုတ်ဆက်ပွဲအခမ်းအနားကိုတော့ ဇွန်လ (၆) ရက်နေ့မှာ ပြုလုပ်မယ်လို့ သိရပါတယ်။Joo Ho ဟာ ကလပ်မှာ (၂၀၂၁) ခုနှစ် ကတည်းက ကစားခဲ့တာလည်း ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=729,q=100/00/0025f373957705b82642deca167bd5aff4bcc677.jpg

တစ်ဖက်မှာ ဇနီးဖြစ်သူ Anana ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက ကင်ဆာရောဂါရှိနေကြောင်း ဖွင့်ဟခဲ့ပြီး မကြာသေးခင်ကတော့ တစ်နေ့ထက်တစ်နေ့သက်သာလာကြောင်းကို သတင်းကောင်းပါးခဲ့ပါတယ်။ဒါပေမယ့် Park Joo Ho ဟာ ဇနီးဖြစ်သူကို အချိန်ပေး ဂရုစိုက်ချင်တာကြောင့်အခုလိုဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=729,q=100/66/6698a9dc8366c65a3e2ea21e639ed3cbc47bdac8.jpg

ပရိသတ်တွေက ဇနီးဖြစ်သူအပေါ်ထားတဲ့ Joo Ho ရဲ့ ချစ်ခြင်းမေတ္တာကို ချီးကျူးခဲ့ကြပြီး Joo Ho ရဲ့ ကစားသမားဘဝအတွက်လည်း ဂုဏ်ပြုပေးခဲ့ကြပါတယ်။ပရိသတ်တွေက ဇနီးဖြစ်သူကို ချစ်ရတဲ့ ခင်ပွန်း ၊သားသား မီးမီးလေးတွေနဲ့ တသက်လုံးပျော်ပျော်ရွှင်ရွှင်နေသွားနိုင်ပါစေလို့ ဝိုင်းဝန်းဆုတောင်းပေးခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=650,h=729,q=100/3a/3a429e2d63e6a489930737201b3a9c0a7b35054c.jpg

Photos : Credit

Thu Ya Zaw
Thu Ya

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T