“ပြည့်တန်ဆာ” ဇာတ်ကားထဲမှာ ပိုင်တံခွန်နဲ့အတူ သရုပ်ဆောင်တော့မယ့် ထိုင်းမင်းသမီးကြီး Tukky Sudarat

//s9.kh1.co/a5/a51e23b7ef28d039b54b9ef67b6efc5bed9ed99c.jpg
အနုပညာရှင်များ

 ၂၅-မေ-၂၀၂၃ ၃pm · လွန်ခဲ့သော ၂ နှစ် က

၂၀၂၃ ခုနှစ် မေလ ၁၈ ရက်နေ့မှာ LD Production က သရုပ်ဆောင် မင်းသားချော ပိုင်တံခွန် နဲ့

၂၀၂၃ ခုနှစ် မေလ ၁၈ ရက်နေ့မှာ LD Production က  သရုပ်ဆောင် မင်းသားချော ပိုင်တံခွန် နဲ့ ကမ္ဘောဒီးယား အလှမယ် Pich Vatey Saravathy နဲ့ ရိုက်ကူးမယ့် ဇာတ်ကားရဲ့  Poster ကို ထုတ်ပြန်ခဲ့ပါတယ်.. အဆိုပါ ရုပ်ရှင်မှာ ကမ္ဘောဒီးယားမင်းသားချော Khat Wai Hing လည်း ပါဝင်သွားမယ်လို့ သိရပါတယ်..

https://s9.kh1.co/__image/w=650,h=813,q=100/b8/b8ed959f2b930df5672e3eb809cded7847ed57e1.jpg
https://s9.kh1.co/__image/w=650,h=867,q=100/f0/f0ca20cc818509a81e6a043d056915ff464d56a6.jpg

 ဒီလို နာမည်ကြီး သရုပ်ဆောင်တွေမဟုတ်ဘဲ LD Productions ရဲ့ ဒါရိုက်တာက ထိုင်းမှာနာမည်ကြီးတဲ့ ဟာသခန်းတွေဆို ပီပြင်စွာသရုပ်ဆောင်နိုင်တဲ့ Pansy လို့ခေါ်တဲ့ Tukky Sudarat ကို ပါဝင်ဖို့ ဖိတ်ထားတယ်လို့ သိရပါတယ်..

https://s9.kh1.co/__image/w=650,h=813,q=100/65/65caad54c74881d360ac42de6067904b59c2227c.jpg
https://s9.kh1.co/__image/w=650,h=867,q=100/b6/b6e43a689bcf6b43ccf3b51d2ab6506252b9bd35.jpg

ထိုင်းဟာသသရုပ်ဆောင် ပန်စီကတော့ မြန်မာနဲ့ ကမ္ဘောဒီးယားသရုပ်ဆောင်တွေနဲ့အတူ တွဲသရုပ်ဆောင်ရမှာ ဖြစ်တဲ့အတွက် သူမက အရမ်ကို စိတ်လှုပ်ရှားနေပြီး နိုင်ငံခြားမှာ သရုပ်ဆောင်ခွင့်ရတဲ့အတွက် အရမ်းကို ပျော်ရွှင်နေကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်.. တစ်ချိန်တည်းမှာပဲ သူမက ဒီဇာတ်လမ်းတွဲကို အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်သွားမယ်လို့ ကတိပြုခဲ့ပြီး ပရိသတ်တွေအားပေးမယ်လို့လဲ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်..

https://s9.kh1.co/__image/w=650,h=488,q=100/af/af6954bf8b74a0158952c1cf02eb8cc624a8555f.jpg
https://s9.kh1.co/__image/w=650,h=433,q=100/4c/4c07f7068fd7c20ab3c47e11df47acc6dbdeb5c8.jpg

သတင်း အရင်းအမြစ် Popular.com

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T