ဘောလိဝုဒ် ပရိသတ်တွေရဲ့ အကြိုက်ဖြစ်ရုံသာမက တစ်ကမ္ဘာလုံးက ပရိသတ်တွေကပါ စိတ်ဝင်တစားနဲ့ ကြည့်ရှုခံစားခဲ့ရတဲ့ အက်ရှင် ဇာတ်ကားကောင်းကြီး Don ဇာတ်ကားတွေကို မှတ်မိကြမှာပါ။ Don ဇာတ်ကားရဲ့ အဓိက သရုပ်ဆောင်မင်းသားဖြစ်တဲ့ ရှာရွတ်ခမ်း ဟာ သိပ်မကြာခင်မှာ ရိုက်ကူးတော့မယ့် Don 3 မှာတော့ ဆက်လက်ပါဝင်ခြင်းမရှိတော့တာကိုလည်း ပရိသတ်တွေက သိကြမှာပါနော်။

ဒါတင်သာမက အဓိက မင်းသမီးဖြစ်သလို DON 2 မှာ ရှာရွတ်ခမ်း နဲ့ ငြိစွန်းခဲ့တဲ့ မင်းသမီးချော ပရီရန်ကာချိုပရာ ကလည်း DON 3 မှာ ဆက်လက်ပါဝင်ဖို့ ရာခိုင်နှုန်း အင်မတန်နည်းနေကြောင်း ဘောလိဝုဒ်လောက မှာ သတင်းတွေ စတင်ပြန့်နှန့်နေခဲ့ပါပြီ။

ပရီရန်ကာချိုပရာ ဟာ လက်ရှိမှာ လုပ်လက်စဖြစ်တဲ့ အနုပညာလှုပ်ရှားမှုတွေအရ အချိန်မရှိတော့တာကြောင့် DON 3 မှ ထွက်ခွာမှာဖြစ်တယ်လို့ သတင်းတွေထွက်လာခဲ့တာဖြစ်ပါတယ်။ ဒီသတင်းသာ တကယ်ဆိုရင်တော့ ပရီရန်ကာချိုပရာ နေရာမှာ ဘယ်သူ့ကိုအစားထိုးမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။
