သီချင်းကောင်းတွေကို ကိုယ်တိုင်ရေးသားသီဆိုတဲ့အပြင် တည်ကြည်သန့်ပြန့်တဲ့ရုပ်ရည်ကြောင့် မြန်မာပရိသတ်တွေကြားမှာ အထူးရေပန်းစားနေတဲ့ လွှမ်းပိုင်ကတော့ သူ့ရဲ့အချစ်ရေးနဲ့ပတ်သတ်ပြီး ရင်ဖွင့်လာခဲ့ပါတယ်။

ဆယ်နှစ်ကျော်လက်တွဲခဲ့တဲ့ ချစ်သူနဲ့ လမ်းခွဲပြီးနောက်ပိုင်းမှာ ခိုင်မာတဲ့သံယောဇဥ်တွေကြောင့် အနေခက်လှပြီထင်ပါရဲ့..။ အဆင်မပြေတဲ့အကြောင်းကို ..
“အချစ်ရေးလားအခုချိန်ထိစမ်းတဝါးဝါးမသေချာ ငါလူပျိုကြီးဖြစ်လာတော့မှ နင်တို့ကလေးတွေထိန်းမယ်လေဟာ ” ဆိုတဲ့ စာသားလေးနဲ့ သူရဲ့ တရားဝင် Facebook စာမျက်နှာမှတစ်ဆင့် ရင်ဖွင့်ပြခဲ့ပါတယ်။

ဖျက်ထုတ်ရခက်တဲ့ သံယောဇဥ်တွေကြောင့် လူပျိုကြီးလုပ်ပြီး ကလေးပဲထိန်းပါတော့မယ်တဲ့..။ မင်မင်ကတော့ လွှမ်းပိုင်နဲ့ကလေးတူတူမွေးပြီး တူတူပဲထိန်းချင်ပါတယ်..🥺
