မကြာသေးခင်က ဖိလစ်ပိုင်မင်းသမီး Bela Padilla ဟာ တောင်ကိုရီးယားမင်းသားချော Song Joong Ki နဲ့ ရိုက်ထားတဲ့ပုံကို သူမရဲ့ Instagram အကောင့်မှာ တင်ခဲ့ပါတယ်။ Bela ဟာ Song Joong Ki ရဲ့ ပရိသတ်တစ်ယောက်လို့သိရပြီး သူတို့နှစ်ယောက်ဟာ အမှတ်မထင်တွေ့ဆုံခဲ့တာလည်း ဖြစ်ပါတယ်။

Bela ဟာ ပြင်သစ်နိုင်ငံ၊ Cannes မှာ Song Joong Ki နဲ့ ဆုံတွေ့ခဲ့တာဖြစ်ပြီး ဂုဏ်ယူဝမ်းသာစွာနဲ့ သူမတို့ပုံရိပ်လေးကို ပရိသတ်တွေထံ မျှဝေခဲ့ပါတယ်။Bela က ``မင်္ဂလာနံနက်ခင်းပါ" ဆိုတဲ့ ခေါင်းစဉ်ကို သူမရဲ့စိတ်လှုပ်ရှားမှုကိုဖော်ပြတဲ့ အီမိုဂျီနဲ့အတူရေးခဲ့ပါတယ်။ဆက်လက်ပြီး Song Joong Ki ကို “သူက အရမ်းအေးပြီး ဖော်ရွေတဲ့သူပါ”လို့ပါ ချီးကျူးခဲ့ပါတယ်။

သူမဟာ Song Joong Ki ကို ညွှန်ပြပေးတဲ့ ရုပ်ရှင်ဒါရိုက်တာ Adolf Alix Jr.ကိုပါ ကျေးဇူးတင်ကြောင်း တစ်ခါတည်း ပြောကြားခဲ့ပါတယ်။Bela ဟာ ကိုယ်သဘောကျတဲ့ မင်းသားနဲ့တွေ့ဆုံရတဲ့အတွက် ကလေးလေးတစ်ယောက်လို အရမ်းပျော်နေခဲ့ပြီး အခုလိုသူမအပျော်ကို ပရိသတ်ကြီးကို မျှဝေခဲ့တာ ဖြစ်ပါတယ်။

ပရိသတ်ကြီးကလည်း အပြစ်ကင်းစင်စွာပျော်နေတဲ့ Bela ရဲ့ အပျော်ကို အတူခံစားပေးခဲ့ကြပြီး ချစ်ပေးခဲ့ကြပါတယ်။Song Joong Ki နဲ့ ဆုံရလို့ အပြုံးတွေဝေဆာနေတဲ့ Bela ရဲ့ ပုံလေးကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ရပါတယ်။

Photos : Credit





