လာမယ့် စက်တင်ဘာလမှာ မင်္ဂလာဆောင်တော့မယ့် ထိုင်းမင်းသား Mark Prin နဲ့ မင်းသမီး Kimmy တို့က မင်္ဂလာပွဲ နီးလာတာနဲ့အမျှ ရိုက်ကူးရေး Project တွေကိုလဲ လျော့ထားပြီး မင်္ဂလာပွဲအတွက် လိုအပ်တဲ့ပြင်ဆင်မှုတွေ ပြုလုပ်နေကြပါတယ်.. လက်ထပ်ပြီးရင် နေကြမယ့် အိမ်ကိုလဲ စိတ်တိုင်းကျ ပြင်ဆင်နေကြပါတယ်..

Mark နဲ့ Kimmy က လတ်တလောမှာတော့ သူတို့ခင်မင်ရင်းနှီးကြတဲ့ မိတ်ဆွေသူငယ်ချင်းတွေကို ဖိတ်စာတွေ လိုက်ဖိတ်နေကြတာပါ.. ပိုထူခြားတဲ့အရာတစ်ခုက လူအယောက် 60 အတွက်ပဲ ပြင်ဆင်နေကြတာဖြစ်ပါတယ်..


Mark နဲ့ Kimmy က တစ်ယောက်ချင်းစီကို ဖိတ်လိုက်တဲ့ ဖိတ်စာရဲ့ပုံစံတွေနဲ့ ဒီဇိုင်းတွေကို ပြန်ယှဉ်ကြည့်နေကြပါ.. 60 စာထဲကမှ Mark က သူ့ရဲ့အရင်းနှီးသူငယ်ချင်းတွေဖြစ်တဲ့ Nadech ကို "မင်းက အရင်ကတည်းကရော အခုရော ငါ့ရဲ့အခင်ဆုံး သူငယ်ချင်းတစ်ယောက်ပါပဲ.. ငါ့ရဲ့ နေ့ထူးနေ့မြတ်မှာ နင့်ကို အနားမှာရှိစေချင်တယ်.. မင်းက မင်းပတ်ဝန်းကျင်က လူတွေကိုရော မင်းနားမှာရှိတဲ့သူကိုပါ ပျော်ရွှင်အောင် ဖန်တီးပေးနိုင်တဲ့.. မင်းကြောင့်လူတွေက ရီနေရတာ.. အဲ့နေ့က ငါ့ရဲ့အပျော်ရဆုံးနေ့တစ်နေ့ပဲ..” လို့ စာလေးတစ်စောင်ရေးပြီး ဖိတ်စာလေး ဖိတ်လိုက်တာဖြစ်ပါတယ်..



Source - Popular





