BLACKPINK အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Jennie က မေလ 22 ရက်နေ့ ည 10 နာရီမှာ ပြင်သစ်နိုင်ငံ Cannes မြို့ရှိ Lumiere Grand Theatre မှာ ကျင်းပတဲ့ 76 ကြိမ်မြောက် Cannes နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ရဲ့ Red Carpet ကို တက်ရောက်ခဲ့ပါတယ်..


Jennine ကတော့ သူမရဲ့ ပုခုံးသားအလှလေးတွေကို ပေါ်လွင်စေတဲ့ အဖြူရောင်ဝတ်စုံလေးကို ဝတ်ဆင်ထားပြီး ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိအောင် ဆံပင်တွေကို ဖဲကြိုးနက်ကြီးနဲ့ စည်းပြီး အလှပြင်ဆင်ထားပါတယ်.. ပွဲမှာ Jennine က ဩစတြေးလျစူပါစတား Troye Sivan နဲ့ တွေ့ဆုံခဲ့ပြီး နှစ်ယောက်သားရင်းနှီးစွာ ဖက်ပြီး နှုတ်ဆက်ခဲ့ကြကာ ကောင်းမွန်တဲ့ ဆက်ဆံရေးလေးကို တည်ဆောက်ခဲ့ကြပါတယ်..


Johnny Depp ရဲ့သမီး မင်းသမီး Lily-Rose Depp ကလဲတက်ရောက်ခဲ့ပြီး ခန့်ညားလှပတဲ့ အလှတရားတွေနဲ့ ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ဖမ်းစားနိုင်ခဲ့ပါတယ်.. ပွဲဦးထွက်အနေနဲ့ Cannes နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို တက်ရောက်ခဲ့တဲ့ Jennie က သူမရဲ့ အနုပညာကြိုးစားအားထုတ်မှုတွေနဲ့အတူ တစ်ကမ္ဘာလုံးက ပရိသတ်တွေကို ဘယ်လိုဇာတ်ရုပ်မျိုးနဲ့ ဖမ်းစားနိုင်ဦးမလဲဆိုတာကို စောင့်မျှော်နေကြတာပဲ ဖြစ်ပါတယ်..


Source – KBIZoom