တော်ဝင်မင်းသမီးလေး Jenna Norodom ဟာဆိုရင် သူမရဲ့အိပ်မက်တွေကို K-pop idol တစ်ယောက်ဖြစ်အောင် အကောင်အထည်ဖော်တော့မှာပဲ ဖြစ်ပါတယ်။ တော်ဝင်မင်းသမီး Jenna Norodom က ကမ္ဘောဒီးယားရဲ့လက်ရှိဘုရင်ကြီး Norodom Sihamoni ရဲ့ မြေးမလေးတစ်ယောက်လည်း ဖြစ်ပါတယ်။ သူမရဲ့မိခင်က မင်းသမီး Norodom Bupphary ဖြစ်ပြီး Jenna Norodom က ဒုတိယမြောက်သမီးလေး ဖြစ်ပါတယ်။

မင်းသမီးလေး Jenna Norodom က အသက် ၁၁ နှစ်အရွယ်မှာကတည်းက idol တစ်ယောက်ဖြစ်ဖို့အတွက် ရည်ရွယ်ချက်ရှိခဲ့တာဖြစ်ပြီး တောင်ကိုရီးယားဇာတ်လမ်းတွေနဲ့ အဆိုတော်တွေကို အလွန်အမင်းရူးသွပ်ပြီး ကြိုက်နှစ်သတ်တဲ့သူဖြစ်ပါတယ်။ Jenna Norodom အကြိုက်ဆုံး K-pop အဆိုတော်အဖွဲ့တွေကတော့ BTS ၊ BLACKPINK နဲ့ Momoland တို့ပဲဖြစ်ပါတယ်။

Jenna Norodom က တောင်ကိုရီးယား အဆိုတော်အဖွဲ့တွေကို သဘောကျလွန်းလို့ သူမရဲ့ ကိုယ်ပိုင် YouTube channel မှာ နာမည်ကြီးတဲ့ ကိုရီယားသီချင်းတွေကို တစ်ဖန်ပြန်ပြီး သီဆိုလေ့ရှိတဲ့သူဖြစ်ပါတယ်။ ဒါ ကြောင့် subscribers အရေအတွက် ၈ သိန်းတောင် ရရှိထားပါတယ်။ Jenna Norodom က ဂီတပါရမီထူးချွန်လွန်းတဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်တုန်းကလည်း You Da One လို့ခေါ်တဲ့သီချင်းတစ်ပုဒ်ကို သီဆိုခဲ့ပါသေးတယ်။

ကမ္ဘောဒီးယားမင်းသမီးလေးက တောင်ကိုရီးယား k-pop နယ်ပယ်မှာ ဘယ်လိုမျိုး နာမည်တစ်ခု ရအောင် ကြိုးစားသွားမလဲဆိုတာကိုတော့မသိရသေးပါဘူး။ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ Korean entertainment company ရဲ့ စီအီးအိုတစ်ယောက်ဖြစ်တဲ့ Na Yoon Jung က မင်းသမီးလေးနဲ့ လက်တွဲပြီး ဆောင်ရွက်သွားဖို့ စိတ်ဝင်တစားရှိတယ်ဆိုပြီး အရိပ်အမြွတ်ဖော်ပြပေးသွားပါတယ်။
#K-pop #Myanmarload #Cambodia #RoyalPrincess