တောင်ကိုရီးယားမင်းသမီးချော Park Min Young ဟာ မကြာသေးခင်က သူမရဲ့ ကြော့ရှင်းလွန်းတဲ့ အလှအပကို ပြသခဲ့ပါတယ်။သူမရဲ့ ကိုယ်ပိုင် SNS အကောင့်ကနေ ပြသခဲ့တာဖြစ်ပြီး (၄) အကြာမှာ တင်တဲ့ ပထမဆုံး Post လည်းဖြစ်ပါတယ်။

(4) လကြာပြီးနောက်မှ SNS ပြန်သုံးတဲ့ Park Min Young ဟာ မေလ (၂၁) ရက်နေ့က သူမရဲ့ ဆွဲဆောင်မှုရှိလွန်းတဲ့ အလှကို ပရိသတ်ကြီးကို ချပြခဲ့ပါတယ်။Park Min Young ဟာ သူမရဲ့ Instagram အကောင့်ကနေ `` Soon ‘’ ဆိုတဲ့ ခေါင်းစဉ်နဲ့ တင်ခဲ့တာ ဖြစ်ပြီး ပရိသတ်တွေရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။

ဓာတ်ပုံတွေထဲမှာ Park Min Young ကို စတိုင်လ်ကျတဲ့ ဆံပင်ပုံ၊နူးညံ့တဲ့သူမရဲ့ ညှပ်ရိုး၊ ကြည်လင်တဲ့ မျက်နှာအသွင်အပြင်၊ လန်းဆန်းတဲ့အပြုံးတွေနဲ့ မြင်တွေ့ခဲ့ရပါတယ်။ပရိသတ်တွေနဲ့ အဆက်အသွယ်ပြတ်နေတာကြပြီဖြစ်တဲ့အတွက် သူမ Post ဟာ ပိုပြီးစိတ်ဝင်စားခံခဲ့ရပါတယ်။

Park Min Young ဟာ အရင်နှစ်က စီးပွားရေးသမားတစ်ယောက်နဲ့ တွဲခဲ့ပြီး အငြင်းပွားစရာကိစ္စတွေကြောင့် လမ်းခွဲခဲ့တာ ဖြစ်ပါတယ်။သူမဟာ ပြီးခဲ့တဲ့ အောက်တိုဘာနှစ်ကတည်းက အနုပညာအလုပ်တွေကို ရပ်နားထားခဲ့တာကြောင့် ပရိသတ်တွေက လွမ်းနေခဲ့ကြတာ ဖြစ်ပါတယ်။

Photos : Credit