တောင်ကိုရီးယားမင်းသားချော Song Joong Ki ဟာ ယခုနှစ်အစောပိုင်းက ဇနီးဖြစ်သူ Katy နဲ့ လက်ထပ်ခဲ့ပါတယ်။ဒါ့အပြင် သူတို့နှစ်ယောက်ရဲ့ ရင်သွေးလေးဟာလည်း မကြာခင်မှာ မွေးဖွားတော့မှာဖြစ်ပြီး အချိုပေါ်သကာဆင့်သလို ဖြစ်ခဲ့ပါတယ်။

အခုလို အိမ်ထောင်ဦးစီးတစ်ယောက် ဖြစ်သွားတာကြောင့် Song Joong Ki တစ်ယောက် အလုပ်ကိုပိုကြိုးစားနေတယ်လို့ ပရိသတ်တွေရဲ့ ပြောဆိုမှုတွေရှိခဲ့ကြပါတယ်။ဒါပေမယ့် သူ့အနေနဲ့ အလုပ်မကြိုးစားပဲ နေရင်တောင် သူ့မိန်းမနဲ့ကလေးဟာ အေးဆေးနေလို့ရတာပဲ ဖြစ်ပါတယ်။ဒါဟာလည်း သူ့ရဲ့ဇာတ်လမ်းတွဲတွေ၊ကြော်ငြာတွေကနေ ရရှိတဲ့ အနုပညာကြေးတွေကြောင့်နဲ့ သူ့ရဲ့ချမ်းသာကြွယ်ဝမှုတွေကြောင့် အတိအကျပြောနိုင်တာပဲ ဖြစ်ပါတယ်။

(၂၀၂၃) အထိ Song Joong Ki ဟာ တခြားနာမည်ကြီးမင်းသားတွေနဲ့ အပြိုင်အချမ်းသာဆုံးမင်းသားတွေထဲမှာ ပါနေဆဲဖြစ်ပြီးအသားတင်ပိုင်ဆိုင်မှု ဒေါ်လာ (၂၄) သန်းအထိရှိတယ်လို့ ခန့်မှန်းရပါတယ်။Song Joong Ki ဟာ ပရိသတ်တွေကို ဆွဲဆောင်နိုင်နေဆဲ ကြယ်ပွင့်တစ်ဦးဖြစ်တာကြောင့် ကုန်အမှတ်တံဆိပ်တွေဆီကနေရတဲ့ ငွေကြေးတွေဟာလည်း မထင်မှတ်ထားအောင် များပြားနေခဲ့တာ ဖြစ်ပါတယ်။

ထို့အတူ ဇန်းဖြစ်သူ Katy ဟာလည်း Song Joong Ki လောက် မချမ်းသာပေမယ့် သူမဟာလည်း မော်ဒယ်ဟောင်းတစ်ဦးဖြစ်တာကြောင့် ပိုင်ဆိုင်မှု ဒေါ်လာ (၁.၅) သန်းခန့် ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ဒါ့ကြောင့် သူတို့အနေနဲ့ ကလေးမွေးပြီးရင်တောင် ဘာမှမပူမပန်ပဲ အေးဆေးနေလို့ရတာလည်း ဖြစ်ပါတယ်။

Photos : Credit





