BTS အဖွဲ့ဝင် Suga ဟာဆိုရင် နာမည်ကြီး pop star တစ်ယောက်ဖြစ်တဲ့ Halsey နဲ့ ထူးခြားတဲ့ ဆက်ဆံရေးရှိတဲ့သူဖြစ်ကြောင်း ဖွင့်ဟ ဝန်ခံလာခဲ့ပါတယ်။ မေလ ၁၈ ရက်နေ့တုန်းက အမေရိကန်သီချင်းရေးသူနဲ့ အဆိုတော်တစ်ယောက်ဖြစ်တဲ့ Halsey က BTS အဖွဲ့ဝင် Suga ရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာ ဓာတ်ပုံလေးတစ်ပုံတင်ပေးခဲ့ပါတယ်။ အဆိုပါ ဓာတ်ပုံလေးက Halsey တစ်ယောက် Suga ရဲ့ solo concert ဖြစ်တဲ့ SUGA Agust D-DAY TOUR ကို ဧည်သည်အဖြစ်သွားရောက်အားပေးခဲ့တုန်းက ဓာတ်ပုံလေး ဖြစ်ပါတယ်၊

Halsey ဟာဆိုရင် Suga နဲ့ ရင်းနှီးမှုရှိပြီး ညီအစ်ကိုတွေလိုမျိုး သံယောဇဉ်ကြီးမားလွန်းတဲ့သူဖြစ်ပါတယ်။ Halsey ဟာဆိုရင် Suga ကို ခင်မင်လွန်းလို့ အမွှာ ညီအစ်ကိုတွေလို့တောင် တင်စားခေါ်ဝေါ်ခဲ့တဲ့သူဖြစ်ပါတယ်။ Halsey က သူနဲ့ Suga တို့ဆီမှာ တူညီချက်တွေ အများကြီးရှိကြောင်း ၊ တူလွန်းလို့ အမွှာတွေလို့တောင် တင်စားခေါ်ဝေါ်ခဲ့ရကြောင်း ၊ သူတို့ဆီမှာ တူညီတဲ့အပြုံးတွေရှိကြောင်း ၊ တူညီတဲ့ဝါသနာတွေရှိကြောင်း ၊ ဆံပင်ပုံစံခြင်းကြောင်း တူကြောင်း ရည်ညွှန်းပြောဆိုခဲ့ပါတယ်။

အမွှာညီအစ်ကိုတွေလိုမျိုး ခင်မင်ရင်းနှီးကြတဲ့ Suga နဲ့ Halsey တို့က ဝါ သနာလည်း တူညီကြပြီး စွမ်းဆောင်ရည်တွေ ပြည့်ဝကြသူတွေလည်းဖြစ်ပါတယ်။

Suga နဲ့ Halsey တို့က ၂၀၁၇ ခုနှစ်တုန်းက Billboard Music Awards ဆုပေးပွဲမှာတွေ့ရှိခဲ့ကြတာဖြစ်ပြီး Boy With Luv သီချင်းနဲ့ ပိုပြီးရင်းနှီးခဲ့ကြတဲ့သူတွေ ဖြစ်ပါတယ်။ နိုင်ငံခြင်းမတူကြပေမယ့်လည်း အမွှာတွေလိုမျိုး ရင်းနှီးခင်မင်ခဲ့ကြတဲ့ Halsey နဲ့ Suga တို့ရဲ့ ပုံရိပ်လေးတွေကိုပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။
#Myanmarload #Suga #Halsey