ဒီကနေ့ ဟာ ထိုင်းနိုင်ငံ ရဲ့ အချစ်တော် မင်းသမီးချော ၊ တစ်ကမ္ဘာလုံးက အမျိုးသားပရိသတ်တွေသာမက အမျိုးသမီးပရိသတ် ရဲ့ အသည်းကျော်ပဲလှော်လေးဖြစ်သူ ၊ ခန္ဓာကိုယ်ထိန်းသိမ်းတဲ့နေရာမှာ သိပ်ကို တော်လွန်းတာကြောင့် ပရိသတ်ရဲ့ အားကျမှုကို ရရှိထားသူ ထိုင်းမင်းသမီးချော Davika ရဲ့ အသက် (၃၂) နှစ်ပြည့်မွေးနေ့ ပဲ ဖြစ်ပါတယ်။

(၂၀၁၀) ခုနှစ်တည်းက အနုပညာလှုပ်ရှားမှုတွေစတင်လုပ်ကိုင်ခဲ့တဲ့ မင်းသမီးချော Davika ရဲ့ ဒီကနေ့ မေလ (၁၆) ရက်နေ့ မှာ ကျရောက်လာတဲ့ မွေးနေ့ကို တစ်ကမ္ဘာလုံးမှာ ရှိကြတဲ့ သူမရဲ့ အချစ်တော် ပရိသတ်တွေကလည်း ဆုမွန်ကောင်းပေါင်းများစွာနဲ့ ဆုတောင်းခဲ့ကြပါတယ်။

အဲ့ထဲမှာမှ ထူးခြားတာကတော့ ဂန်ဂူးဘိုင် ဇာတ်ကားနဲ့ ခုနှစ်ပိုင်းတွေမှာ အောင်မြင်မှုတွေ ဆတိုးကာ ရရှိနေတဲ့ ဘောလိဝုဒ် Alia Bhatt က Davika ရဲ့ မွေးနေ့အတွက် သူမရဲ့ Instgram Story ကနေ ပုံတစ်ပုံနဲ့ ဆုမွန်ကောင်းတောင်းခဲ့ပါတယ်။ သရုပ်ဆောင် အနုပညာနဲ့ပတ်သက်ရင် ကျွမ်းကျင်လွန်းလှတဲ့ အနုပညာရှင်နှစ်ဦး ကို တွဲပြီးမြင်ရတာ တကယ်ကြည်နူးစရာပါ။ ပျော်ရွှင်စရာ မွေးနေ့ဖြစ်ပါစေ ၊ အမိုက်စား အနုပညာတွေအများကြီးဖန်တီးနိုင်ပါစေ လို့လည်း Davika ကို ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။

Source - Aliaabhatt Instagram





