Rap သီချင်းအမိုက်စားတွေနဲ့ ပရိသတ်ရဲ့ အသည်းနှလုံးကို ဆွဲညှို့ယူဆောင်ထားသူ ၊ သီချင်းတွေကို ကိုယ်တိုင်ဖန်တီးရေးသားပြီး အနုပညာနဲ့ပတ်သက်ရင်တကယ်ကို ဝါသနာပါလွန်းသူ ၊ မိန်းကလေးပရိသတ်တွေရဲ့ အသည်းကျော်ပဲလှော် အဖြစ်သတ်မှတ်ခံထားရတဲ့ လူငယ် အဆိုတော် ကတော့ အဆိုတော်လွှမ်းပိုင်ပါပဲ။

အဆိုတော်လွှမ်းပိုင် ဟာ သိပ်မကြာခင် လအနည်းငယ်ခန့်က သူနဲ့ ဆယ်စုနှစ်တစ်ခုစာ လက်တွဲခဲ့တဲ့ ချစ်သူဟောင်း အဆိုတော်အမျိုးသမီးနဲ့ လမ်းခွဲပြတ်စဲကာ Single ပြန်ဖြစ်သွားခဲ့တာကြောင့် အတော်လေးဝေဖန်မှုဒဏ် ကို ခံခဲ့ရပါတယ်။ အဲ့သလို Single ပြန်ဖြစ်ပြီးနောက်မှာတော့ လွှမ်းပိုင် ဟာ အလုပ်တွေကိုသာ ပိုလို့ကြိုးစားနေခဲ့ပါတယ်။

အလုပ်တွေကို ကြိုးစားနေခဲ့တဲ့ လွှမ်းပိုင် ဟာ ယမန်နေ့က Myanmarload TV မှာ သူ့ရဲ့အချစ်ရေးနဲ့ပတ်သက်တဲ့ အင်တာဗျူးတစ်ခုကို ဖြေပေးလာခဲ့ပါတယ်။ အဆိုတော်လွှမ်းပိုင် က မိန်းကလေးဆန်ပြီး လိမ္မာရေးခြားရှိတဲ့ မိန်းကလေး ပုံစံမျိုးကို သဘောကျကြောင်း ၊ သူ့ရဲ့အကြိုက်ဟာ နှစ်ပေါင်းများစွာမပြောင်းလဲကြောင်း အပွင့်လင်းဆုံးပြောပြခဲ့ပါတယ်။ ကဲ...ပရိသတ်ကြီးရေ..ဘိုပိုင်ကြီးကတော့ သူသဘောကျရတဲ့ မိန်းကလေးပုံစံကိုပြောပြနေပြီနော်။

Source - Myanmarload TV





