မိတ်ကပ်လုံးဝမလိမ်းထားတဲ့ဖက်ရှင်လေးနဲ့ ချစ်စဖွယ်လေးတွေ့ရတဲ့ Blackpink အဖွဲ့ဝင် Lisa

//s9.kh1.co/49/49c2136dc9147c96f2952fd109e510b121ef1031.jpeg
အနုပညာရှင်များ

 ၁၃-မေ-၂၀၂၃ ၃pm · လွန်ခဲ့သော ၂ နှစ် က

ချစ်စရာလေး

သဘာဝအတိုင်းလှလွန်းနေပြီး ချစ်ဖို့ကောင်းလွန်းနေတဲ့ Blackpink အဖွဲ့ဝင် Lisa ရဲ့ လေဆိပ်ဖက်ရှင်လေးဟာပရိသတ်တွေကြားမှာ စိတ်ဝင်စားမှု မြင့်တက်နေပါတယ်။ Blackpink အဖွဲ့ဝင် Lisa ဟာဆိုရင် မကြာသေးမီအချိန်တုန်းက စင်ကာပူလေဆိပ်ကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။ အဆိုပါလေဆိပ်မှာ Lisa က သဘာဝအတိုင်း ချစ်ဖို့ကောင်းလွန်းနေတဲ့ ဖက်ရှင်လေးနဲ့ မိတ်ကပ်မပြင်ဆင်ထားဘဲ ကြွကြွယွယွလေး လှနေခဲ့တာဖြစ်ပါတယ်။ Lisa ရဲ့ပုံစံလေးက ကပိုကရိုလေးဖြစ်နေပေမယ့်လည်း မိတ်ကပ်တွေ အများကြီး လိမ်းထားသလိုမျိုး ကြည့်လို့ အရမ်းကောင်းလွန်းနေပါတယ်။ 

https://s9.kh1.co/__image/w=650,h=975,q=100/31/319784ee1eff6ef6211cba1a046026ef4b833f74.webp

Lisa ဟာဆိုရင် အဝတ်အစား ဖက်ရှင်ပုံစံလေးကိုအရိုးရှင်းဆုံး ဝတ်ဆင်ထားပြီး အပေါ့ပါးဆုံးပုံစံနဲ့ပဲ လေဆိပ်ကိုရောက်ရှိခဲ့တာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=620,h=411,q=100/d5/d5333c365c94ea59fa2d6957dce7197dd9818a10.webp

ဆံပင်လေးကရှုပ်ပွနေပေမယ့်လည်း အိုင်ဒေါလ်တစ်ယောက်ရဲ့ ပုံရိပ်က ပျောက်ကွယ်မသွားဘဲ positive energy တွေ အပြည့်ရှိနေပါတယ်။ 

https://s9.kh1.co/__image/w=650,h=976,q=100/71/713fc1a9d521b76e20038a22443a890d0cdf3b32.webp

Lisa တစ်ယောက် အိပ်ချင်မူးတူးပုံစံလေးနဲ့ လေဆိပ်ထွက်လာတာ အခုတစ်ခေါက်က ပထမဦးဆုံး အကြိမ် မဟုတ်တော့ပါဘူး။ အရင်တုန်းကလည်း ကပိုကရိုပုံစံလေးနဲ့ လူမြင်ကွင်းထွက်လာခဲ့တဲ့ အချိန်တွေ ရှိခဲ့ဖူးပါတယ်။ 

https://s9.kh1.co/__image/w=650,h=1031,q=100/66/66ce8639bf9c4c003abaadbef65493a20e22540c.webp

ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် မပြင်မဆင်ထားဘဲနဲ့တောင် အရမ်းလှလွန်းနေတဲ့ Lisa ရဲ့ မိတ်ကပ်မပါတဲ့ပုံရိပ်လေးကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ 

#Myanmarload #Lisa #Blackpink 

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T