MRTV - 4 ဇာတ်လမ်းတွဲမင်းသမီးလေးလို့ ပရိသတ်တွေက တင်စားကြရတဲ့ ပိုးကြာဖြူခင်ကတော့ “ဝင်္ဂပါစံအိမ်”၊ “မိုးကောင်းကင်အိပ်မက်”၊ “ကြယ်ကလေးရဲ့ကောင်းကင်”၊ “မာယာလှည့်ကွက်” စတဲ့ ဇာတ်လမ်းတွဲတွေနဲ့ အောင်မြင်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်..


ပိုးကြာဖြူခင်ကတော့ သူမရဲ့ကြိုးစားမှုနဲ့ မလျော့တဲ့ ဇွဲလုံ့လတွေကြောင့် အောင်မြင်တဲ့နေရာကိုရောက်ရှိနေပြီး ပရိသတ်တွေချစ်ခင်ရတဲ့သူလေးလဲ ဖြစ်ပါတယ်.. လက်တလောမှာတော့ သူမချစ်ရတဲ့သူလေးနဲ့ လက်ထပ်ထိမ်းမြားလိုက်တာဖြစ်ပြီး သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုဘဝလေးကို တည်ထောင်လိုက်တာပဲ ဖြစ်ပါတယ်..


ချစ်ဖို့ကောင်းတဲ့ ပုံလေးတွေကို အမြဲမျှဝေပေးလေ့ရှိတဲ့ ပိုးကြာဖြူခင်က ဒီတစ်ခါလဲ မင်္ဂလာဆောင်က လှပလွန်းတဲ့ ပုံရိပ်လေးတွေကို မျှဝေလာတာပဲ ဖြစ်ပါတယ်.. ပိုးကြာဖြူခင်က "မင်္ဂလာပွဲ ပထမ ဝတ်စုံ အမှတ်တရ လေးပါရှင် ❤️ ကျေးဇူးတင်ထိုက်သူ အားလုံး ကို ကျေးဇူးတင်ပါတယ်ရှင် 🥰"ဆိုတဲ့ စာလေးနဲ့အတူ သူမရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ရေးသားထားတာပဲ ဖြစ်ပါတယ်..


