ပရိသတ်တွေရဲ့ချစ်ခင်အားပေးခြင်းကို တခဲနက်ရရှိခဲ့ပြီး အပြုံးအေးအေးလေးနဲ့ ပရိသတ်တွေရင်ကို အေးချမ်းသွားစေတဲ့သူကတော့ သရုပ်ဆောင်မေမြင့်မိုရ်ပဲ ဖြစ်ပါတယ်။ မေမြင့်မိုရ်က “ပန်းနုသွေး” နဲ့ “အရိပ်” စတဲ့ MRTV-4 ဇာတ်လမ်းတွဲတွေထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့သူဖြစ်ပြီး အောင်မြင်မှုတွေ များစွာရရှိပိုင်ဆိုင်ထားတဲ့သူဖြစ်ပါတယ်။

မေမြင့်မိုရ်က ၁၉၉၅ ခုနှစ် ၊ မေလ ၁၁ ရက်နေ့မှာ မွေးဖွားခဲ့တဲ့သူဖြစ်လို့ လက်ရှိမှာသူမရဲ့အသက်က ၂၈ နှစ်ပြည့်သွားပြီပဲဖြစ်ပါတယ်။ မွေးနေ့ ၊ မွေးရက်နဲ့ထပ်တူကျသွားခဲ့တဲ့ အခုနှစ်မွေးနေ့လေးမှာတော့ မေမြင့်မိုရ်က ချစ်စရာ ဓာတ်ပုံလေးတွေ တင်ပေးခဲ့ပါတယ်။



ဓာတ်ပုံလေးတွေထဲမှာ ချစ်ဖို့ကောင်းလွန်းနေပြီး ကလေးလေးတစ်ယောက်လိုမျိုး ရိုးသားဖြူစင်လွန်းနေတဲ့ မေမြင့်မိုရ်ကို ပရိသတ်တွေများစွာက ချစ်မဝ ဖြစ်နေကြပါတယ်။ မေမြင့်မိုရ်မွေးနေ့အမှတ်တရ ဓာတ်ပုံလေးကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။


#Myanmarload #MayMyintMo