မင်းသမီး Sin Yubin ကတော့ လတ်တလောမှာကျန်းမာရေးပြဿနာကြောင့် ဆေးရုံတက်နေရပြီး သူမရဲ့ ပရိသတ်တွေကလဲ စိတ်ပူကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်..

ဒါပေမယ့်လည်း မင်းသမီးက သူမရဲ့ ကျန်းမာရေးပြဿနာကို တိတိကျကျအတည်မပြုနိုင်သေးပါဘူး.. သွေးအားနည်းလို့ ဆေးရုံတက်နေရတာလို့ပဲ ပြောပြထားဖြစ်ပြီး သူမကို စိုးရိမ်နေတဲ့ ပရိသတ်တွေကလဲ ကိုယ်တိုင်သတင်းသွားမေးခဲ့ပါတယ်..

လတ်တလော ဆိုရှယ်မီဒီယာပေါ်မှာ မင်းသမီးရဲ့ ထပြီး လမ်းလျှောက်နေတဲ့ Video ဖိုင်ကြောင့် သူမသက်သာနေပြီး နေပြန်ကောင်းနေပြီဆိုတာကို သိရတာပါ..


2023 ခုနှစ် မေလ 9 ရက်နေ့မှာ Sin Yubinsu က နာမည်ကြီးကုန်အမှတ်တံဆိပ် Calvin Klein အတွက်ပရိုမိုးရှင်းလုပ်ဖို့ ပွဲတက်ရောက်ခဲ့ပါတယ်.. ညနေပိုင်းမှာ Calvin Klein က ထိုင်းအနုပညာရှင် Mai Davika နဲ့ Toc Tien တို့နဲ့အတူ ညစာစားခဲ့ကြပါတယ်..


ဒီအနုပညာရှင်တွေနဲ့ ညစာအတူစားရခဲ့ လှုပ်ရှားမှုတွေကို Sin Yubin ရဲ့ ပရိသတ်တွေက TikTok လူမှုကွန်ယက်မှာ မျှဝေခဲ့ကြတာဖြစ်ပါတယ်..

