ရည်းစားဟောင်း Oh Yeon Seo နဲ့ ပြန်တွဲနေပြီဆိုတဲ့ ပရိသတ်အချစ်တော် မင်းသား Kim Bum

//s9.kh1.co/f9/f93f96037473566ed256926196998363ce571338.jpg
အနုပညာရှင်များ

 ၀၉-မေ-၂၀၂၃ ၂pm · လွန်ခဲ့သော ၃ နှစ် က

Kim Bum ဟာ Oh Yeon Seo နဲ့ လမ်းခွဲပြီးလေးနှစ်အကြာမှာ.....

တောင်ကိုရီးယားဒရမ်မာချစ်ပရိသတ်တွေ အကြိုက်တွေ့ခဲ့တဲ့ Boys Over Flowers မှာ ပရိသတ်တွေရဲ့ အသည်းနှလုံးကို သိမ်းပိုက်ခဲ့ဖူးတဲ့ မင်းသား Kim Bum ဟာ ရည်းစားဟောင်းဖြစ်သူနဲ့ ပြန်တွဲနေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။  သူ့ရဲ့ ရည်းစားဟောင်းကတော့ Oh Yeon Seo ဖြစ်ပြီး လမ်းခွဲတာ လေးနှစ်ကြာပြီးချိန်မှာ အခုလိုကောလဟာလတွေ ထွက်လာခဲ့တာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/3c/3c4606bed4302377c3968b69ab9a0dda94ef46b4.jpg

Oh Yeon Seo ဟာ Kim Bum ရဲ့  'Tale Of The Nine Tail 1938' season 2 မှာ  အစားအသောက်တွေ ပေးပို့ခဲ့တာက Kim Bum နဲ့  သူမရဲ့ ကောလဟာလသတင်းတွေကို ပိုစိတ်ဝင်စားစေခဲ့ပါတယ်။လမ်းခွဲခဲ့တာ အချိန်အတော်ကြာပြီ ဖြစ်ပေမယ့် အခုလိုသတင်းတွေထွက်ပေါ်လာတာကြောင့် ပရိသတ်တွေရဲ့ အာရုံကို ပိုဖမ်းစားနိုင်ခဲ့တာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=365,q=100/14/148635eb61e6a67c6c1ffdd8c583186f273c8907.jpg

Kim Bum နဲ့ Oh Yeon Seo တို့ဟာ (၂၀၁၈) လောက်က တွဲခဲ့ကြတာ ဖြစ်ပြီး တစ်နှစ်နီးပါးကြာချိန်မှာတော့ သူတို့နှစ်ဦးဟာ သူတို့ရဲ့အလုပ်တွေကို ပိုအာရုံစိုက်ချင်တဲ့အတွက် နှစ်ဦးသဘောတူ လမ်းခွဲခဲ့ကြတာ ဖြစ်ပါတယ်။လမ်းခွဲပြီး (၄) နှစ်အကြာမှာတော့ နာမည်ကောင်းနဲ့ တည်ငြိမ်တဲ့အလုပ်အကိုင်တွေ ကိုယ်စီရရှိထားတာကြောင့် သူတို့နှစ်ယောက်ကို ပြန်တွဲဖို့ ပရိသတ်တွေက မျှော်လင့်နေကြတာပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=520,h=450,q=100/bf/bfcdcaf58b8645438b12c54d2d385baf953dd232.jpg

Photos : credit

Thu Ya Zaw
Thu Ya

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T