အနုပညာရှင်မိသားစုတွေထဲမှာမှ ပရိသတ်တွေရဲ့ ချစ်ခြင်းကို အပြည့်အဝရရှိထားသလို သားစဉ်မြေးဆက် ပရိသတ်တွေရဲ့ အချစ်ကို သိမ်းပိုက်ထားနိုင်တာကတော့ တစ်ခေတ်တစ်ခါက မင်းသားချော ဖြစ်တဲ့ ဦးလွင်မိုး တို့ မိသားစုလေးပါပဲ။

အနုပညာရှင် စစ်စစ်ဖြစ်တဲ့ ဦးလွင်မိုး မှာဆိုရင် ယွန်းဝတီလွင်မိုး နဲ့ ယွန်းနဒီလွင်မိုး ခေါ် သမီးလေးနှစ်ယောက်ရှိပြီး သမီးအကြီးဖြစ်သူ ယွန်းဝတီလွင်မိုး ကတော့ အနုပညာသွေးနဲ့ဗီဇအပြည့်ပါတာကြောင့် ပရိသတ်နဲ့ သိပ်မစိမ်းသူတစ်ဦးဖြစ်သလို မြန်မာအမျိုးသားထုကြီးရဲ့ အသည်းကျော်ပဲလှော်လေးဆိုလည်းမမှားပါဘူး။

အားလုံးက ခေး လို့ ချစ်စနိုးနဲ့ခေါ်ကြတဲ့ ယွန်းဝတီလွင်မိုး ဟာ လက်ရှိမှာတော့ သူမရဲ့အမျိုးသားနဲ့အတူ နိုင်ငံခြားမှာနေထိုင်နေတာဖြစ်ပြီး သူမရဲ့ မိသားစုဘဝလေးကို ပျော်ရွှင်စွာဖြတ်သန်းနေပြီဖြစ်ပါတယ်။ အိမ်နဲ့ဝေးနေတဲ့ ခေးတစ်ယောက် ဒီကနေ့ သူမရဲ့ instagram မှာ သူမငယ်ဘဝက မိသားစုနဲ့အတူဖြတ်သန်းခဲ့တဲ့ အမှတ်တရပုံရိပ်လေးကိုဖော်ပြလာခဲ့ပါတယ်။ မိသားစုတွေ တူတူရှိကြတဲ့ပုံရိပ်လေးက ဘယ်လောက်တောင်ကြည်နူးဖို့ကောင်းသလဲဆိုတာ ပရိသတ်ကြီးခံစားနိုင်ဖို့ဖော်ပြလိုက်ရပါတယ်။






