သီချင်းကောင်းများစွာကို ပရိသတ်တွေရင်ထဲထိအောင် ရေးသားသီဆိုပေးတဲ့ အဆိုတော်ဝနကတော့ သူ့သားလေးရဲ့ ရက် ၁၀၀ ပြည့် မွေးနေ့ကို Facebook စာမျက်နှာပေါ်မှာထုတ်ကြွားခဲ့ပါတယ်။


"ရက် ၁၀၀ ပြည့်သွားတဲ့ဆရာကြီး -သားသား- စိုင်းခန့်ဝနကို (ခ) သားဝန" ဆိုတဲ့စာသားလေးနဲ့အတူ ချစ်စရာကောင်းတဲ့ သားဝနရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေရှေ့ချပြခဲ့ပါတယ်။ အဖေတူသားလေးမို့ သားဝနလေးက အရမ်းကိုချစ်စရာ ကောင်းနေပါတယ်။ ဒီလိုအဖေတူသားလေးကို ရထားတာမို့လည်း ဖေဖေဝနက အရမ်းပီတိဖြစ်နေသလို သားဝနလေးကိုလည်း သဲသဲလှုပ်ချစ်နေပါတယ်။


ဝနဟာ သူ့သားလေးကို စိုင်းခန့်ဝနလို့အမည်ပေးထားပြီး သားဝနလို့ ချစ်စနိုးခေါ်လေ့ရှိပါတယ်။ သားဝနလေးကတော့ ဖေဖေဝနရဲ့အချစ်တွေကို အပြည့်အဝရနေပါတယ်။

သားဝနလေးကို ဇန်နဝါရီ၊ ၁၆ ရက်၊ မြစ်ကြီးနားမြို့မှာရှိတဲ့ ရင်စိန်ဆေးရုံမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ အခုလို ရက် ၁၀၀ ပြည့်မွေးနေ့တင်မကဘဲ နောက်လာမယ့်မွေးနေ့တွေမှာလည်း ဖေ့ဖေ့အချစ်တွေနဲ့ အမြဲပြည့်ဝပြီး ကျန်းမာပျော်ရွှင်ပါစေ။






