ကိုရီးယားရောက်ခါစတုန်းက သားလေးနဲ့ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရတဲ့ အချိန်တွေကို ဝေမျှလာတဲ့ ဆန်းမီ

//s9.kh1.co/93/93b819e3f18ed7e3525b9d24d2195a3d65e38bad.jpg
အနုပညာရှင်များ

 ၂၅-ပြီ-၂၀၂၃ ၁pm · လွန်ခဲ့သော ၂ နှစ် က

ကောင်မလေးက တော်တော် ပင်ပန်းခဲ့မှာပဲနော် ..

တောင်ကိုရီးယားမင်းသမီး ဂျင်ဆန်းမီလို့ လူသိများတဲ့ Chae Rim ဟာဆိုရင် တစ်ခေတ်တစ်ခါတုန်းက ဆည်းဆာရင်ခုန်သံဇာတ်လမ်းနဲ့ ပရိသတ်တွေရဲ့ အသည်းကို သိမ်းကြုံးရရှိခဲ့တဲ့သူဖြစ်ပါတယ်။ Chae Rim က ရုပ်ကလေး နုဖက်နေအောင် အရမ်းချောပေမယ့် အချစ်ရေး ကံကောင်းတဲ့သူတော့ မဟုတ်ပါဘူး။ သူမက ပထမအိမ်ထောင်ဖြစ်တဲ့ Lee Seung Hwan နဲ့ ၂၀၀၃ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ၂၀၀၆ ခုနှစ်မှာ ကွာရှင်းခဲ့ပါတယ်။ ဒုတိယအိမ်ထောင်ဖြစ်တဲ့ Jiame Gao နဲ့ ၂၀၁၄ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ၂၀၂၀ ခုနှစ်မှာ ကွာရှင်းခဲ့တာဖြစ်ပါတယ်။  Jiame Gao နဲ့ ကွာရှင်းပြီးတဲ့နောက်မှာ သားလေး ၁ ယောက်ရရှိခဲ့ပြီး သားလေးကို သူမကိုယ်တိုင် ပြုစုစောင့်ရှောက်ပေးနေခဲ့တာဖြစ်ပါတယ်။

Google
Google
Google
Google
Google
Google

သားလေးကို လက်ဆွဲပြီး တောင်ကိုရီးယားကို‌ ရောက်ခါစတုန်းကဆိုရင် Chae Rim ရဲ့ ဘဝက အရမ်းကို ခက်ခဲခဲ့တာဖြစ်ပါတယ်။ Chae Rim က အောက်ခြေကနေ အစကပြန်ကြိုးစားပြီး ရုန်းကန်ခဲ့ရတာဖြစ်ပေမယ့် လက်ရှိမှာ အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တောင် ဖြစ်လို့နေပါပြီ။ ကိုယ်ပိုင်လုပ်ငန်းနဲ့ အဆင်ပြေနေပြီ ဖြစ်ပေမယ့် Chae Rim လေးကတော့ ဘဝ မေ့သွားခြင်း မရှိဘဲ သားဖြစ်သူလေးနဲ့ တောင်ကိုရီးယားမှာ ခက်ခက်ခဲခဲ ရပ်တည်ခဲ့တုန်းက ပုံရိပ်လေးတွေ ဝေမျှပေးလာခဲ့ပါတယ်။

Google
Google
Google
Google
Google
Google
Google
Google

ချစ်စရာသားလေး Min Woo ကို ပြုစုစောင့်ရှောက်ပေးရင်း ခိုင်မာတဲ့ ရပ်တည်ချက်တွေနဲ့ ကြိုးစားခဲ့မှုကြောင့် အောင်မြင်လာတဲ့ တောင်ကိုရီးယား မင်းသမီးကြီး ဂျင်ဆန်းမီခေါ် Chae Rim ရဲ့ အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Google
Google
Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T