ညီအကိုလို ခင်မင်ခဲ့ရတဲ့ Moon Bin အတွက် ကြေကွဲစရာ စာလေးတစ်စောင် ပါးခဲ့တဲ့ Cha Eun Woo

//s9.kh1.co/d4/d4b96f5303c3c62e934a51301868991f022dd0a8.jpg
အနုပညာရှင်များ

 ၂၅-ပြီ-၂၀၂၃ ၁၀am · လွန်ခဲ့သော ၃ နှစ် က

Cha Eun Woo ဟာ နောင်တတရားများစွာနဲ့ Moon Bin ထံကို.........

ASTRO အဖွဲ့ဝင် Cha Eun Woo ဟာ မကြာသေးခင်က ဆုံးပါးသွားတဲ့ ညီအကိုလိုခင်မင်ရတဲ့ အဖွဲ့ဝင် Moon Bin အတွက် ဝမ်းနည်းစရာ စာလေးတစ်စောင် ရေးသားခဲ့ပါတယ်။ပရိသတ်တွေကလည်း Cha Eun Woo ရဲ့ စာလေးဖတ်ပြီး အလွန်ဝမ်းနည်းနေခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/e4/e4d7b718e07fe02fdfa6b179ac6fc3e432593323.jpg

Moon Bin ဟာ မကြာသေးခင်က ကျန်းမာရေးချို့ယွင်းမှုကြောင့် နေအိမ်မှ ာရုတ်တရတ်ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။Moon Bin ဆုံးပါးချိန်မှာ Cha Eun Woo ဟာ အမေရိကန်ကို အလုပ်ကိစ္စနဲ့ရောက်နေတာဖြစ်ပြီး သတင်းကြားကြားချင်းအလုပ်တွေ ဖျက်ကာ ပြန်လာခဲ့တာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=394,q=100/b1/b16b25429cd61084fcc66860e20220d25017d730.jpg

Cha Eun Woo အနေနဲ့ သူမရှိတဲ့ အချိန်မှာ သူငယ်ချင်းအခုလို အဖြစ်မျိုးကြုံခဲ့ရတဲ့အတွက် အလွန်ဝမ်းနည်းပြီး ယူကြုံးမရဖြစ်ခဲ့တယ်လို့ သိရပါတယ်။သတင်းတွေအရ Cha Eun Woo ဟာ ရှိုက်ကြီးတငင်ငိုကြွေးခဲ့တယ်လို့ပါ သိရပါတယ်။ဒါ့ကြောင့် မကြာသေးခင်က Cha Eun Woo ဟာ ကွယ်လွန်သူ သူငယ်ချင်းအတွက် စာလေးတစ်စောင်ကို ဝမ်းနည်းစွ ာရေးသားခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/a3/a339e0b07fc024767fa34814660360f1631fc7bb.webp

Cha Eun Woo က  `` Bin Ah ငါ ဒီညမင်းကိုထပ်ပြီးသတိရနေမိတယ်၊မင်းကလူဆိုးပဲကွာ၊ငါအခုအိပ်မပျော်လို့ Sanha နဲ့ လမ်းလျှောက်ထွက်ပြီး ဒီကိုလာခဲ့တာ၊မင်းရောကောင်းကောင်းအိပ်ပျော်ရဲ့လား ၊ဘာလို့မင်းနဲ့လုပ်ခဲ့တဲ့ အရာသေးသေးလေးတွေကအစ နောင်တရပြီး လွမ်းနေမိတာလဲ မသိဘူး ‘’ ဆိုပြီး စိတ်မကောင်းစွာ ရေးသားခဲ့ပါတယ်။

https://s9.kh1.co/__image/w=510,h=680,q=100/5a/5a92dafb5eea48cff4df89c10cddcbdb87d6932b.jpg

ဆက်လက်ပြီး Cha Eun Woo က သူငယ်ချင်းကို `` လမင်းကြီးရှိတဲ့ပြည်မှာ အဆပေါင်းများစွာ မင်းပျော်ရွှင်ပါစေကွာ ၊မင်းကျန်ခဲ့တဲ့ အရာတွေမှန်သမျှ ငါစောင့်ရှောက်မှာမို့ သိပ်စိတ်မပူပါနဲ့ ၊မင်းအရမ်းကြိုးစားခဲ့တယ်၊ ငါမင်းကိုချစ်တယ်ပြီးတော့ ငါတကယ်တောင်းပန်ပါတယ် သူငယ်ချင်း ‘’ ဆိုပြီးနောင်တအကြီးကျယ်ရနေတဲ့ ပုံစံမျိုးနဲ့ရေးသားခဲ့ပါတယ်။ပရိသတ်တွေကလည်း သူငယ်ချင်းအတွက်ဖြေမဆည်နိုင်ဖြစ်နေတဲ့ Cha Eun Woo ကို သနားဂရုဏာသက်ခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=650,h=341,q=100/71/71170f5f547b26426235ac1238f4817dea8ffcfc.jpg
https://s9.kh1.co/__image/w=650,h=427,q=100/f4/f4a28f1bbddd5fb886ad2bd43ff3bede35408d12.jpg

Photos : Credit

Thu Ya Zaw
Thu Ya

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T