ရည်းစားဟောင်းကောင်မလေးရဲ့ မင်္ဂလာပွဲကို ပျော်ရွှင်စွာတက်ရောက်ပေးခဲ့တဲ့ Choi Woo Shik

//s9.kh1.co/83/837d1f1c9e8544e828f93fc8e9ea12c360e145a8.jpg
အနုပညာရှင်များ

 ၂၄-ပြီ-၂၀၂၃ ၁pm · လွန်ခဲ့သော ၃ နှစ် က

၇ နှစ်ကြာပြီးနောက်မှာတော့ သူမရဲ့ မင်္ဂလာပွဲကို တက်ရောက်ပေးခဲ့တယ် .. သတို့သားကတော့ ကျွန်တော်မဟုတ်ပါဘူး ။

တောင်ကိုရီးယားမင်းသား Choi Woo Shik ဟာဆိုရင် အချိန် ၅ နှစ်ကြာတွဲခဲ့တဲ့ ရည်းစားဟောင်းကောင်မလေးရဲ့ မင်္ဂလာပွဲကို ပျော်ရွှင်စွာနဲ့ တက်ရောက်ပေးခဲ့ပါတယ်။ မင်းသား Choi Woo Shik ဟာဆိုရင်  ကနေဒါနိုင်ငံမှာ Camera Directing ပညာကို သင်ယူလေ့လာချင်တဲ့သူဖြစ်ပါတယ်။ သရုပ်ဆောင်ဖြစ်ချင်တဲ့သူ မဟုတ်တာကြောင့် ရည်းစားဟောင်းကောင်မလေးရဲ့ တိုက်တွန်းမှုကြောင့်သာမဟုတ်ရင် မင်းသားဖြစ်လာမှာမဟုတ်ပါဘူး။ Choi Woo Shik  ဟာ အောင်မြင်တဲ့သရုပ်ဆောင် ဖြစ်လာပြီးတဲ့နောက်မှာလည်း ရည်းစားဟောင်း ကောင်မလေးကို အမြဲလိုလို ကျေးဇူးတင်နေတဲ့သူဖြစ်ပါတယ်။

Google
Google

Choi Woo Shik  ဟာကောင်မလေးနဲ့ ချစ်သူရည်းစားဖြစ်နေတဲ့အချိန်မှာ အများကြီး မဖြည့်ဆည်းပေးနိုင်ခဲ့တာကြောင့် လမ်းခွဲခဲ့ပြီးနောက်မှာလည်း ကောင်မလေး စားချင်တဲ့ အစား အသောက်တွေကို အမြဲလိုလို လိုက်ကျွေးနေတဲ့သူလို့ သိရပါတယ်။ ရည်းစားဟောင်းနဲ့ ပျက်ပြီးတဲ့နောက်မှာ သူငယ်ချင်းလိုမျိုး ဆက်ပြီး ရှိနေခဲ့တဲ့ Choi Woo Shik ဟာ ကောင်မလေးရဲ့ မင်္ဂလာပွဲကိုလည်း ဘာမှ မဖြစ်ခဲ့သလိုမျိုး တက်ရောက်ပေးခဲ့ပါတယ်။ Choi Woo Shik ရဲ့ ကောင်မလေးက ၂၀၂၂ ခုနှစ်မှာ မင်္ဂလာဆောင်ခဲ့တာဖြစ်လို့ ဓာတ်ပုံတွေဟာဆိုရင်လည်း တစ်နှစ်လောက်ကြာခဲ့ပါပြီ ။ လက်ရှိအချိန်မှာ ပြန်ပြီး ပြန်နှံ့လာခဲ့တာဖြစ်ပါတယ်။

Google
Google
Google
Google

Choi Woo Shik က ရည်းစားဟောင်းကောင်မလေးကို အရမ်းချစ်ပြီး အင်တာဗျူးတွေတိုင်းမှာလည်း ကောင်မလေးနဲ့ ပတ်သက်တဲ့အကြောင်းတွေ မကြာခဏ ပြောနေရှိတာကြောင့် ပရိသတ်တွေက ချစ်သတ်လွန်းသူကြီးလို့ စိတ်မကောင်းစွာနဲ့ နာမည်ပေးထားကြပါတယ်။

Google
Google

ရည်းစားဟောင်းကောင်မလေးနဲ့ မင်္ဂလာပွဲကို ဂုဏ်ယူစွာနဲ့ တက်ရောက်ပေးခဲ့တဲ့ တောင်ကိုရီးယားမင်းသား Choi Woo Shik ရဲ့ အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T