Jimin ၊ Lisa နှင့် Beenzino တို့ပါဝင်ထားတဲ့ Album အသစ်အတွက် ပိုစတာကိုထုတ်ပြခဲ့တဲ့ Taeyang ..

//s9.kh1.co/06/0680bedd27c969ac8690569521b97b6fb730452a.jpg
အနုပညာရှင်များ

 ၂၄-ပြီ-၂၀၂၃ ၁၁am · လွန်ခဲ့သော ၂ နှစ် က

အရမ်းတွေမိုက်နေတော့မှာ..

Big Bang အဖွဲ့ဝင် Taeyang ဟာ ဧပြီ ၂၄ မှာ သူ့ရဲ့တစ်ကိုယ်တော် Mini-Album "Down to Earth" အတွက် ပိုစတာတစ်ခုကို ထုတ်ပြခဲ့ပါတယ်။ 

https://s9.kh1.co/__image/w=650,h=813,q=100/e5/e5049e2c631b71e8b3604c5a75c3079c60597019.jpg

ပိုစတာအရ "Down to Earth" Album မှာ VIBE ၊ Shung ၊ Seed in My Heart ၊ I Am ၊ Inspiaration နှင့် Nightfall စတဲ့ သီချင်းခြောက်ပုဒ်ပါဝင်ပါတယ်။

https://s9.kh1.co/__image/w=650,h=392,q=100/52/5293c02cee7a4bbbe55789109a379a84160d7658.jpg

ယခု Album ထဲက သီချင်းအများစုကို အခြားနာမည်ကြီးအနုပညာရှင်တွေနဲ့ တွဲဖက်သီဆိုထားတာဖြစ်ပါတယ်။ ဇန်နဝါရီကတည်းက ထွက်ရှိထားတဲ့ VIBE ကိုတော့ BTS အဖွဲ့ဝင် Jimin နဲ့ အတူတွဲဖက်သီဆိုခဲ့ပါတယ်။ Shung သီချင်းမှာ BLACKPINK အဖွဲ့ဝင် Lisa ပါဝင်ထားပြီး Inspiration မှာတော့ Rapper Beenzino ပါဝင်ထားပါတယ်။ ဒါ့အပြင် Nightfall သီချင်းမှာလည်း The Black Label မှ Brian Chase ပါဝင်ထားပါသေးတယ်။

https://s9.kh1.co/__image/w=645,h=645,q=100/b7/b762981b9665b0eb45fb9479701cdeed438e8e2f.jpg

ဧပြီ ၂၅ ကိုးရီးယားစံတော်ချိန် ညနေ ၆ နာရီမှာ Album တစ်ခုလုံးကို မတူညီတဲ့ ဂီတပလက်ဖောင်းတွေကတစ်ဆင့် ဖြန့်ဝေမှာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/d0/d0f6aea5cd23a26dce477f7ac03be7bf89e2bc84.jpg
Van Ngun Lian
Van Ngun Lian

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T