တမူထူးခြားတဲ့ ဖိုက်တင်ဇာတ်ကားတွေနဲ့ တစ်ခေတ်တခါကတည်းက နာမည်ရလာခဲ့တဲ့ သူကတော့ မင်းသား နေထူးနိုင်ပဲ ဖြစ်ပါတယ်။ နေထူးနိုင်ဟာ အနုပညာလောကမှာ အောင်မြင်မှုတွေကို လက်ရှိအချိန် ဆွတ်ခူးထားတာဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကိုရရှိထားတာ ဖြစ်ပါတယ်။ ယခုနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေအပြင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကိုလည်း ကြိုးကြိုးစားစား လုပ်ကိုင်နေတာ ဖြစ်ပါတယ်။


လတ်တလော အနုပညာလှုပ်ရှားမှုအနေနဲ့ကတော့ မကြာသေးခင်က ထိုင်းနိုင်ငံမှာ "အစ်ကိုကြီးအဖအရာ" ဇာတ်လမ်း အား သွားရောက်ရိုက်ကူးနေတာ တွေ့ရပါတယ်။ ဇာတ်လမ်းတွဲ ရိုက်ကူးလို့ပြီးလို့ မြန်မာပြည်ပြန်ရောက်လာတဲ့ အချိန်မှာတော့ ပြီးခဲ့တဲ့ ရက်က ပရိသတ်တွေရဲ့ အချစ်တော် နေထူးနိုင်ရဲ့ မိသားစုက ကြည်နူးစရာအလှူလေးတစ်ခု ပြုလုပ်လာခဲ့ပါတယ်။



ဒါကတော့ ရပ်ကွက်ထဲက လူ ၇၀၀ စာအတွက် စတုဒီသာနှစ်ဦးအလှူအဖြစ် နေထူးနိူင်+ မြသင်းခြယ် တို့ (ခေတ္တရာသူတိုင်းရင်းဆေး)မိသားစုတို့က လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ စတုဒီသာ အလှူလေးမှာ ဝမ်းမြောက်ဝမ်းသာဖြင့် ကြိတ်ကြိတ်တိုး လာရောက် သုံးဆောင်ခဲ့ကြတာကိုလည်း တွေ့ရပါတယ်။ ယခုအလှူလေးဟာ တကယ့်ကို မွန်မြက်တဲ့ အလှူလေးဖြစ်တာကြောင့် ကဲ.... Myanmarload ပရိသတ်ကြီးရေ နေထူးနိုင်တို့ မိသားစုကို ဒီထက်မက လှူဒါန်းနိုင်အောင် ဆုမွန်ကောင်းတွေ တောင်းပေးလိုက်ပါဦး။



သတင်း အရင်းအမြစ်៖ Source - nayhtoonaing