Bobby Soxer အသံပါဝါကောင်းကောင်းနဲ့ လျင်မြန်သွက်လက်တဲ့ Rap စာသားတွေကြောင့် ပရိသတ်တွေအားပေးမှုအပြည့်အဝရထားတဲ့ မြန်မာပြည်ရဲ့ အမျိုးသမီး Rapper တစ်ယောက်ဖြစ်ပါတယ်။

Bobby Soxer လို့ပြောရင် လွှမ်းပိုင်ကိုပြေးမြင်ရလောက်တဲ့ထိ အရမ်းလိုက်ဖက်တဲ့စုံတွဲတွေဖြစ်ခဲ့ကြပေမယ့် မကြာသေးခင်ကပဲ လမ်းခွဲလိုက်ပြီဆိုတဲ့အကြောင်း တရားဝင်ကြေညာခဲ့ကြပါတယ်။ လမ်းခွဲပြီး ငါးလအကြာမှာတော့ Bobby Soxer ရည်းစားအသစ်ရနေပြီဖြစ်ကြောင်း သတင်းတွေထွက်ပေါ်လာပါတယ်။

Max Rovin ဆိုတဲ့ Facebook အကောင့်ပိုင်ရှင်ဟာ Bobby Soxer နဲ့တွဲရိုက်ထားတဲ့ပုံတွေကို သူ့ရဲ့ Facebook story မှာတင်ခဲ့ပါတယ်။ Story မှာ သူတို့အတွဲပုံအပြင် ပခုံးမှာ Bobby Soxer လို့ထိုးထားတဲ့ တက်တူးကိုလည်း ထုတ်ပြခဲ့ပါတယ်။ အဆိုပါပုံတွေကြောင့် Bobby Soxer ရည်းစားအသစ်ရနေပြီလို့ Social Media တစ်ခုလုံးမှာ ပျံ့နှံ့နေတာဖြစ်ပါတယ်။

ပရိသတ်ကြီးတို့ရော် ဒီပုံတွေကို ဘယ်လိုမြင်လဲ..။ Bobby Soxer တကယ်ပဲ ရည်းစားအသစ်ရသွားပြီလား..။