ပရိသတ်ကြီးရေ ပိုးကြာဖြူခင်ကတော့ MRTV - 4 ဇာတ်လမ်းတွဲတွေမှာ ဆိုင်းမိုင်အဖြစ်ပါဝင်ရင်း ပရိသတ်တွေကြားမှာ လူသိများအောင်မြင်လာတဲ့သူဖြစ်ပါတယ်။

ပိုးကြာဖြူခင်က အရမ်းချစ်ဖို့ကောင်းသလို သရုပ်ဆောင်ကောင်းတဲ့သူပါဖြစ်တာကြောင့် လက်ထပ်သွားတဲ့အပေါ် ပရိသတ်တွေက နှမြောသတဖြစ်နေကြပါတယ်။


ပိုးကြာဖြူခင်က လက်မထပ်ခင်မှာလည်း ခင်ပွန်းဖြစ်သူဘက်ကနေ မိသားဖသားပီပီ အတောင်းရမ်း ခံခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပိုကြာဖြူခင်ရဲ့ခင်ပွန်းဖြစ်သူက လူလွတ်တစ်ယောက် မဟုတ်ခဲ့တဲ့သူဖြစ်တာကြောင့်ပရိသတ်တွေများစွာက အဆိုပါ ကိစ္စအတွက် ဝိုင်းပြီးဝေဖန်ခဲ့ကြပါသေးတယ်။ ပိုးကြာဖြူခင်ကတော့ ဝေဖန်မှုတွေကြားထဲမှာ အကောင်းဆုံးတောင့်ခံပြီး ချစ်သူလေးနဲ့ လက်ထပ်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။


ယမန်နေ့တုန်းက ပိုးကြာဖြူခင်ရဲ့ ခင်ပွန်းဖြစ်သူက သူ့ဇနီးလေးကို အရမ်းချစ်ပြီး တစိမ့်စိမ့်ကြည့်ကာ တရိပ်ရိပ်ချစ်ရင်း မင်္ဂလာပွဲ ဓာတ်ပုံလေးတွေကိုဝေမျှပေးလာခဲ့ပါတယ်။ ချစ်ဖို့ကောင်းလွန်းလှတဲ့ ချစ်စရာ ဇနီးချောလေးကိုအရမ်းချစ်နေတဲ့ ပိုးကြာဖြူခင်ရဲ့ခင်ပွန်းဖြစ်သူ အကြောင်းလေးကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။