သူများနဲ့မတူ တစ်မူထူးခြားတဲ့ အသံပိုင်ရှင် ၊ ဆွဲဆောင်မှုရှိလွန်းတဲ့ တေးသီချင်းသီဆိုပုံ များနဲ့အတူ အမိုက်စား ဖက်ရှင်တွေကြောင့် ပရိတ်သတ်တွေတိုင်းရဲ့ ရင်ထဲစွဲငြိနေသူ အနုပညာရှင်တစ်ဦးကတော့ အဆိုတော် ဖြူဖြူကျော်သိန်းပဲဖြစ်ပါတယ်။


အဆိုတော် ဖြူဖြူကျော်သိန်း ဟာ ဆရာဝန်တစ်ယောက်ဖြစ်တဲ့အပြင် အနုပညာခရီးလမ်းမှာလည်း အင်မတန်ထူးချွန်လွန်းတဲ့အတွက် ပရိတ်သတ်တွေတိုင်းရဲ့ အသည်းစွဲ အဆိုတော်တစ်ဦး ဆိုလည်းမမှားပါဘူး။


ဒီကနေ့ ဧပြီ(၂၂)ရက်နေ့ ဟာ မဖြူဖြူကျော်သိန်း ရဲ့ အသက်(၄၁)နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်။ အရမ်းကို ပြတ်သားလွန်းပြီး အမှန်တရားကို ချစ်မြတ်နိုးတဲ့အစ်မတစ်ယောက် ပရိတ်သတ်နဲ့ အမြန်ဆုံး ပြန်လည်ဆုံတွေ့နိုင်ပါစေလို့ဆုတောင်းလိုက်ရပါတယ်။








