ချစ်သူ့ဝေဟာဆိုရင် ချစ်စရာမျက်နှာလေးနဲ့ သရုပ်ဆောင်အပိုင်းမှာရော ၊ အဆိုပိုင်းမှာပါ ကျွမ်းကျင်ပိုင်နိုင်လွန်းတဲ့သူဖြစ်ပါတယ်။ ချစ်သူဝေက အဆိုတော်လင်းလင်းနဲ့ လက်ထပ်ခဲ့ပြီး ပျော်ရွှင်စရာ ကောင်းတဲ့ အမွှာသမီးလေး နှစ်ယောက်ကို ရရှိပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ချစ်သူဝေရဲ့ သမီးလေး နှစ်ယောက်နာမည်က ခေတ်ခေတ် နဲ့ ခေတ်သစ်တို့ ဖြစ်ကြပြီး အရမ်းချစ်ဖို့ကောင်းသလို အရမ်းလည်း စကားတတ်ကြသူလေးတွေဖြစ်ပါတယ်။



ချစ်သူဝေရဲ့ အမွှာသမီးလေးနှစ်ယောက်က မိခင်ဖခင်တို့ရဲ့ အနုပညာ အမွေကို ဆက်ခံထားကြ သူလေးတွေ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း မေမေ ချစ်သုဝေက သူမရဲ့သမီးလေး အသံအေးအေးလေးနဲ့ ပီယာနိုတီးပြီး သီချင်းသီဆိုနေတဲ့ ဗီဒီယိုလေးကို ခေတ်နဲ့သစ် ပရိသတ်ကြီးအတွက် ဝေမျှပေးလာပါတယ်။
ခေတ်လေး သီချင်းဆိုနေတဲ့ အသံလေးက နားထဲကို အေးချမ်းသွားပြီး ကြားရသူအပေါင်းကို စိတ်ချမ်းသာသွားစေပါတယ်။ စိတ်အမောတွေကို ပြေပျောက်သွားအောင် ခေတ်လေး သီချင်းဆိုနေတဲ့ ဗီဒီယိုလေးကို နားထောင်ကြည့်လိုက်ပါဦးနော်။





