သရုပ်ဆောင်လွင်မိုးကတော့ အနုပညာလောကထဲမှာ ငယ်ရွယ်စဉ်အချိန်ကတည်းက ချောမောလှပပြီး နာမည်ကြီးတဲ့ မင်းသားတစ်ယောက်လဲ ဖြစ်ပါတယ်.. အခုချိန်အထိလည်း နုပျိုနေဆဲဖြစ်တဲ့ ဦးလွင်မိုးက လက်ရှိမှာတော့ အနုပညာလှုပ်ရှားမှုတွေကို ရပ်ဆိုင်းထားပြီး မိသားစုတွေနဲ့ အချိန်ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်..


မနေ့က ဧပြီလ ၂၀ ရက်နေ့က လွင်မိုးက ကျန်းမာရေးအခြေအနေကြောင့် ဆေးကုသမှုခံယူနေရတာဖြစ်ပြီး ဝိတိုရိယဆေးရုံမှာ တက်နေတာဖြစ်ပါတယ်.. ခါးကြောညှပ်လို့ဆေးရုံတက်နေရတာဖြစ်ပြီး ကျန်းမာရေးအခြေအနေက စိုးရိမ်စရာမရှိကြောင်း သိရပါတယ်..


ဆေးရုံတက်နေရတဲ့ လွင်မိုးကို သူငယ်ချင်းမိတ်ဆွေတွေကလဲ အခြေအနေကို လာရောက်မေးမြန်းခဲ့ကြပါတယ်.. သူငယ်ချင်း ငှက်ပျော်ကြော်ကလဲ “ လှုပ်ရွလှတဲ့သူငယ်ချင်း ခုတော့လှုပ်မရအချုပ်ကျ....” ဆိုတဲ့ Caption လေးနဲ့ ဓာတ်ပုံလေးတွေရိုက်ပြီး သူ့ရဲ့လူမှုကွန်ယက် စာမျက်နှာမှာ ရေးသားထားတာပဲ ဖြစ်ပါတယ်.. ပရိသတ်တွေနဲ့ ချစ်ရတဲ့သူတွေကလည်း အမြန်ဆုံးသက်သာပျောက်ကင်းပါစေလို့ ဆုတောင်းပေးနေကြပါတယ်..


သတင်း အရင်းအမြစ်៖ NgaPyaw Gyaw's FB Acc





