`` နွေဦးရဲ့ နတ်ဘုရားမ '' လို့ ပရိသတ်တွေရဲ့ တင်စားခေါ်ဝေါ်ခြင်းကို ခံခဲ့ရတဲ့ Song Hye Kyo

//s9.kh1.co/a8/a88b488721c6f2da3959fdfeba64ccbce5c5b612.jpg
အနုပညာရှင်များ

 ၂၁-ပြီ-၂၀၂၃ ၉am · လွန်ခဲ့သော ၂ နှစ် က

Kyo ဟာ ပရိသတ်တွေကို နွေဦးရဲ့ အရသာမှာ အပြည့်အဝခံစားခွင့်ပေးခဲ့ပြီး....

တောင်ကိုရီးယားမင်းသမီးကြီး Song Hye Kyo ဟာ ပရိသတ်တွေရဲ့ တင်စားခေါ်ဝေါ်ခြင်းကို ခံခဲ့ရပါတယ်။Song Hye Kyo ဟာ `` နွေဦးရဲ့ နတ်ဘုရားမ '' လို့ တင်စားခံခဲ့ရတာ ဖြစ်ပြီး ပရိသတ်တွေရဲ့ အချစ်ကို အခုအချိန်အထိအပြည့်အဝရရှိထားကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/f3/f39becf663488177ec03e699bbca69fbd896c72a.jpg

မကြာသေးခင်က Song Hye Kyo  ဖက်ရှင်အမှတ်တံဆိပ်တစ်ခုမှာ မော်ဒယ်အဖြစ်ရိုက်ကူးခဲ့တဲ့ ဓါတ်ပုံအသစ်တွေကို ထုတ်ပြန်ခဲ့ပါတယ်။ ချက်ချင်းဆိုသလိုပဲ မီဒီယာတွေက သူမရဲ့ အလှကို ဆက်တိုက် ချီးကျူးခဲ့ကြပါတယ်။ အထူးသဖြင့် Song Hye Kyo ရဲ့ အသက်ဝင်လွန်းတဲ့ အလှကြောင့် `` နွေဦးရဲ့နတ်ဘုရားမ''  လို့ တင်စားခေါ်ဝေါ်ခဲ့ကြတာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/fa/faeb0907b53f5b4ff889492eabf89b27a1860ca7.jpg

Song Hye Kyo ဟာ ရှပ်အင်္ကျီ၊ စကတ်အမျိုးမျိုးနဲ့ စတိုင်အမျိုးမျိုးရှိတဲ့ ၀တ်စုံတွေမှာ သူမရဲ့ မိန်းမပီသမှုကို ပြသခဲ့တာ ဖြစ်ပါတယ်။ သူမရဲ့ သရုပ်ဖော်ပုံကနေတစ်ဆင့် Song Hye Kyo ဟာ ပရိသတ်တွေကို နွေဦးရဲ့အရောင်တွေမှာ အပြည့်အဝနစ်မြုပ်ခံစားခွင့်ပေးခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/a2/a2794f7b07437c698aad4335709a7a90e62d5852.jpg

Song Hye Kyo ဟာ အသက် (၄၀) ကျော်လို့ မထင်ရလောက်အောင် လှနေခဲ့တာ ဖြစ်ပြီး သူမဟာ အခုအချိန်အထိ သရုပ်ဆောင်ပိုင်းရော ၊ ဖက်ရှင်ပိုင်းရော ဘက်စုံမှာ ဘုရင်မတစ်ယောက်အဖြစ်ရှိနေဆဲ ဖြစ်ကြောင်း တစ်ကမ္ဘာလုံးကို သတိပေးခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=392,q=100/83/8343739ef24e2a22b010a56e777e130c53fac85b.jpg

Photos : Credit

Thu Ya Zaw
Thu Ya

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T