အကယ်ဒမီများရှင် မင်းသမီးကြီး ဝါဝါဝင်းရွှေရဲ့ သမီးလေး နှစ်ယောက်ဟာဆိုရင် ချစ်ဖို့ကောင်းပြီး များစွာ လှပ ချောမောကြတဲ့သူလေးတွေ ဖြစ်ပါတယ်။ ဝါဝါဝင်းရွှေရဲ့ မြေမလေး နှစ်ယောက်က ဝါရွှေနွယ်သွေးဝင်း နဲ့ ဝင်းဝါပန်းမြတ်သူ တို့ ဖြစ်ကြပြီး ငယ်ငယ်ကတည်းက ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းကြုံးရရှိခဲ့သူလေးတွေ ဖြစ်ပါတယ်။


အဖွားဖြစ်သူလိုပဲ မြေးမလေး နှစ်ယောက်က ချောချောလှလှလေးတွေ ဖြစ်ကြပေမယ့် မိဘတွေကတော့ လက်ရှိမှာ ပညာရေးအတွက်ပဲ အာရုံစိုက်ခိုင်းထားတယ်လို့ သိရပါတယ်။



ဝါရွှေနွယ်သွေးဝင်းနဲ့ ဝင်းဝါပန်းမြတ်သူတို့ နှစ်ယောက် စလုံးက ချယ်ရီပန်းပါပွင့်တွေ ဝေဖြာအောင် ပွင့်နေတဲ့ ဂျပန်နိုင်ငံ မှာ ပညာတော်သင် သွားနေကြတာဖြစ်ပါတယ်။ အဖွားဖြစ်သူ ဝါဝါဝင်းရွှေဟာဆိုရင်လည်း တစ်နယ်တစ်ကျေးရောက်နေတဲ့ မြေးမလေးတွေကို များစွာ အောင့်မေ့သတိရနေပြီး လွမ်းဆွတ်နေပါတယ်။

မင်းသမီးကြီး ဝါဝါဝင်းရွှေဟာဆိုရင် လက်ရှိမှာ အသက် ၇၀ ကျော်သွားပြီဖြစ်ပြီး ဝါသ နာပါတဲ့ အနုပညာ အလုပ်တွေကို ဆက်လက် လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။

အရွယ်ရောက်လာပြီး ကိုရီးယား မလေးတွေလိုမျိုး ချောမောကာ ချစ်ဖို့ကောင်းလွန်းနေတဲ့ နိုင်ငံကျော် မင်းသမီးကြီး ဝါဝါဝင်းရွှေရဲ့ ချစ်ချောချောလေးတွေ အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။