BTS အဖွဲ့ ပွဲဦးထွက်စက ဘယ်လောက်ခက်ခဲခဲ့ကြောင်း ပြောပြခဲ့တဲ့ Suga

//s9.kh1.co/e2/e2e98711a1dadd263add5da740a4361a6a920e0b.jpg
အနုပညာရှင်များ

 ၁၄-ပြီ-၂၀၂၃ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

Suga က BTS ဟာ အခုလိုနေရာရောက်ဖို့ ဘယ်လောက်ကြိုးစားခဲ့ရကြောင်းကို....

BTS အဖွဲ့ဝင် Suga ဟာ BTS အဖွဲ့ ပွဲဦးထွက်စက ဘယ်လောက်ကြိုးစားခဲ့ရကြောင်း ပရိသတ်တွေကို ရင်ဖွင့်ခဲ့ပါတယ်။BTS ဟာ ၃နာရီထက်ပိုပြီး မအိပ်ခဲ့ရကြောင်း ပြောကြားရင်းနဲ့ ပရိသတ်တွေကို အံ့သြမှင်သက်စေခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=362,q=100/37/37d9c5333bb5082352c61e768ca4cc01c092243a.jpg

Suga နဲ့ Jimin တို့ဟာ မကြာသေးခင်က နာမည်ကြီး MC Yoo Jae Sok နဲ့ တွေ့ဆုံခဲ့ပြီး ပွဲဦးထွက်စအချိန်က ဘယ်လောက်ပင်ပန်းခဲ့ကြောင်း ပြောပြခဲ့ပါတယ်။Suga က ပွဲဦးမထွက်ခင် ၆ လအလိုမှာ အပြင်းအထန်ကြိုးစားခဲ့ရပြီး အိပ်ချိန်နဲ့စားချိန်ကလွဲပြီး ကျန်တဲ့အချိန်တွေမှာ အမြဲကကြောင်း ပြောကြားခဲ့ပါတယ်။

https://s9.kh1.co/__image/w=500,h=281,q=100/87/8760e3a87592fe83ac72235c1b4119fb3ce9cf58.webp

ထိုအချိန်တုန်းက HYBE LABEL ခေါင်းဆောင် Bang Si Hyuk ကလည်း စည်းကမ်းအလွန်တင်းကျပ်ပြီး လွန်ခဲ့တဲ့ ၅နှစ်ကျော် ၆နှစ်က ၃နာရီထက်ပို မအိပ်ရပဲ ၂ နာရီတစ်ခါ နိုးလေ့ရှိကြောင်း သူတို့အဖွဲ့ရဲ့ ကြိုးစားခဲ့ရပုံကို ပြောပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=512,h=385,q=100/5f/5f20f9547bfe4aa6b7fc81231296d49eab02cd30.jpg

Suga ရဲ့ ပြောကြားချက်ကို Jimin ကလည်း သဘောတူခဲ့ပြီး အခုအချိန်မှာတော့ ထိုအခြေအနေနဲ့မတူတော့ပဲ အချိန်ကို စေ့စပ်သေချာစွာအသုံးချနေကြောင်းပြောကြားခဲ့ပါတယ်။ထိုသို့ကြိုးစားခဲ့တာကြောင့်လည်း BTS ဟာ အခုအချိန်မှာ အအောင်မြင်ဆုံး K-pop အဖွဲ့တွေထဲက တစ်ဖွဲ့ဖြစ်နေတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=499,h=255,q=100/ed/ed3e8c430dffa704c8e5d4bf112a54aa41429ad3.webp
https://s9.kh1.co/__image/w=512,h=385,q=100/9f/9f90e7d34b049771f84ceba9335ef8f760544800.jpg

Photos: Credit

Thu Ya Zaw
Thu Ya

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T