Taylor Swift ရဲ့လမ်းခွဲမှုကိုအသုံးချပြီး ကော်ဖီအရောင်းမြှင့်တင်ခဲ့တဲ့ Starbucks ဆိုင်ခွဲ...

//s9.kh1.co/bb/bbff46acf71f0ac1fdc049c1b5b1992cfe489a68.jpg
အနုပညာရှင်များ

 ၁၃-ပြီ-၂၀၂၃ ၁၀am · လွန်ခဲ့သော ၂ နှစ် က

ဒါက မလုပ်သင့်တဲ့လုပ်ရပ်မျိုးပါ..

Starbucks ကော်ဖီဆိုင်ရဲ့ ဌာနခွဲတစ်ခုဟာ အရောင်းမြှင့်တင်ရေးအတွက် Taylor Swift ရဲ့ လမ်းခွဲမှုကို အသုံးပြုခဲ့လို့ ပြင်းထန်တဲ့ဝေဖန်မှုနဲ့ကြုံတွေ့ခဲ့ရပါတယ်။

https://s9.kh1.co/__image/w=306,h=420,q=100/37/374c8932a3c829434dc2e9ff79cefe16e55d9685.jpg

"Taylor Swift ရည်းစားဟောင်းတွေထဲမှာ မင်းကဘယ်တစ်ယောက်လဲ" လို့ ဘုတ်ပြားအနက်မှာခေါင်းစဉ်တပ်ထားပြီး သူမ တွဲခဲ့တဲ့ ရည်းစားဟောင်းရှစ်ယောက်နဲ့ ကော်ဖီအမည်တွေကိုတွဲပြီး ဘုတ်တစ်ခုထောင်ထားခဲ့ပါတယ်။ ဒီပုံဟာ online ပေါ်မှာ ချက်ချင်းပျံ့သွားခဲ့ပြီး "အမျိုးသမီးတစ်ယောက်ကို လိင်ပိုင်းဆိုင်ရာစော်ကားမှုဖြစ်တယ်" လို့ ဝေဖန်ပစ်တင်ခဲ့ကြပါတယ်။ 

https://s9.kh1.co/__image/w=650,h=434,q=100/5b/5b9ddbccd2a5d9077b0ecc8b20bdbd56cb64fd2a.jpg

ဒီဖြစ်ရပ်နဲ့ပတ်သတ်ပြီး Starbucks က "အခုလို ငါတို့ကိုအာရုံစိုက်စေတဲ့အတွက်ကျေးဇူးတင်ပါတယ်။ ဒီလုပ်ရပ်ဟာ Starbucks ရဲ့ တန်ဖိုးကိုကျဆင်းစေတဲ့အတွက် ဘုတ်ကိုပြန်ဖယ်ရှားလိုက်ပါပြီ" လို့ တရားဝင် Twitter အကောင့်မှ ပြန်တောင်းပန်ခဲ့ပါတယ်။
မကြာသေးခင်က Taylor Swift နှင့် Joe Alwyn တို့ လမ်းခွဲလိုက်ကြပြီ ဆိုတဲ့သတင်းကြောင့် အခုလို မနှစ်မြှပ်ဖွယ်လုပ်ရပ်တွေ ဆက်တိုက်ဖြစ်လာတာပါ။ 

Van Ngun Lian
Van Ngun Lian

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T